ပြည်တွင်းခရီးသွားလုပ်ငန်းများ စနစ်ကျစေဖို့ ခရီးစဉ်လမ်းကြောင်းတာဝန်ခံသင်တန်းကို မန္တလေးမြို့မှာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲကိုတော့  သြဂုတ်လ(၉)ရက်နေ့က မန္တလေးမြို့ Hotel Sakura Princess မှာ ပြုလုပ်ခဲ့ပါတယ်။ခရီးစဉ်လမ်းကြောင်း တာဝန်ခံသင်တန်းကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ရဲ့ ကူညီမှုနဲ့ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း(မန္တလေး)က ပြု လုပ်ခဲ့တာဖြစ်ပါတယ်။

ဒီသင်တန်းကို ပြည်တွင်းခရီးသွား လုပ်ငန်းတွေ ပေါ်ထွက်လာစေဖို့၊ ပြည်တွင်းဘုရားဖူးလုပ်ငန်းတွေ စနစ်ကျပြီး ရေရှည်တည်တံ့စေဖို့၊ ခရီးစဉ်လမ်းကြောင်းတစ်လျှောက် ခရီးသွားတွေ အဆင်ပြေစွာ သွားလာနိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာလို့ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်း(မန္တလေး)ရဲ့ ဥက္ကဋ္ဌ ဦးဇင်မင်းကျော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှု အသင်းဝင်(၄၀၀) ၀န်းကျင်ရှိ ပြီး ခရီး သွားဝန်ဆောင်မှုအသင်း(မန္တလေး) မှာ အသင်းဝင် (၁၈) ဖွဲ့ ရှိတယ်လို့ သိရပါတယ်။

ခရီးစဉ်လမ်း ကြောင်းတာဝန်ခံသင်တန်းကို သင်တန်းသား (၆၄) ဦး တက်ရောက်ခဲ့ပြီး ၂ လခွဲ ကြာ သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းခရီးသွားတွေအတွက် ခရီးစဉ်တွေ လမ်းကြောင်း ၊ဒေသန္တရ ဗဟုသုတနဲ့ သမိုင်းကြောင်းနောက်ခံတွေ ကျွမ်းကျင်မှုရှိပြီး ၀န်ဆောင်မှုကောင်းပေးနိုင်ဖို့အတွက် သင်တန်း တက်ရောက်ရတာဖြစ်တယ်လို့ သင်တန်းသား ကိုဝေဖြိုးနိုင်က ပြောပါတယ်။ခရီးစဉ်လမ်းကြောင်းတာဝန်ခံသင်တန်း ကို မန္တလေးမြို့မှာ  ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News