ကျောင်းသားဟောင်းတွေစုပေါင်းအကောင်အထည်ဖေါ်ဆောက်လုပ်လှူဒါန်းတဲ့မန္တလေးနည်းပညာတက္ကသိုလ်အဝင်မုခ်ဦးသစ်ကို မကြာခင်မှာဖွင့်လှစ်သွားမယ်လို့ တာဝန်ခံကျောင်းသားဟောင်းတစ်ဦးထံကသိရပါတယ်။ တက္ကသိုလ်အဝင်မုခ်ဦးသစ်ကို မန္တလေးနည်းပညာတက္ကသိုလ်ငွေရတုအထိမ်းအမှတ်ကျင်းပခဲ့ချိန်ကစပြီး ကျောင်းသားဟောင်းတွေက ဆောက်လုပ်လှုဒါန်းဖို့ စီစဉ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

အဝင်မုခ်ဦးဒီဇိုင်းကိုတော့ မန္တလေးနည်းပညာတက္ကသိုလ်မှာ လက်ရှိတက်ရောက်နေတဲ့ ဗိသုကာကျောင်းသားတွေကိုပြိုင်ပွဲတစ်ခုပြုလုပ်ပြီး ဝင်ရောက်ယှဉ်ပြိုင်တဲ့ဒီဇိုင်းတွေထဲက ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။ အခုဆောက်လုပ်တဲ့အဝင်မုခ်ဦးအတွက် လက်ရှိအချိန်အထိ မြန်မာကျပ်ငွေ သိန်း ၈၀၀ ဝန်းကျင်ကုန်ကျပြီး ကျောင်းသား ဟောင်းတွေနဲ့ အလှူရှင်တွေစုပေါင်းလှုဒါန်းကြတာဖြစ်တယ်လို့ သိရပါတယ်။ အခုဆောက်လုပ်နေတဲ့ မန္တလေးနည်းပညာတက္ကသိုလ်အဝင်မုခ်ဦးသစ်ကို လာမယ့်အောက်တိုဘာလ ၄ရက်မှာဖွင့်လှစ် သွားမယ်လို့ သိရပါတယ်။

 

 

Related News