မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ Bangkok Athletic Co.,Ltd တို့မှ Pan အမှတ်တံဆိပ်ဖူဆယ်ဖိနပ်နဲ့ ဘောလုံးကန်ဖိနပ်များ စပွန်ဆာစာချုပ်ချုပ်ဆိုပွဲကို စက်တင်ဘာလ (၇)ရက် နေ့လည် (၂)နာရီက Novotel Hotel မှာ   ကျင်းပခဲ့ပါတယ်။အခုပွဲမှာ Bangkok Athletic ကုမ္ပဏီဘက်က မြန်မာ့လက်ရွေးစင် အမျိုးသား ၊ အမျိုးသမီး ဖူဆယ်အသင်း၊ မြန်မာလက်ရွေးစင်အမျိုးသမီးအသင်း နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ ဘောလုံးအကယ်ဒမီအတွက်     အားကစားဖိနပ်ပေါင်း (2100) ပေးအပ်သွားတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က Bangkok Athletic ကုမ္ပဏီနဲ့ (၃)နှစ်ကြာ စာချုပ်ချုပ်ဆိုသွားတာဖြစ်ပါတယ်။


အခုလိုစာချုပ်ချုပ်တာက မြန်မာလက်ရွေးစင်ဘောလုံးအသင်းတွေမှာ ကစားသမားများအနေနဲ့ ဘောလုံးကန်   ဖိနပ်တစ်ရံကို(၃)လ နီးပါးလောက်သာ စီးနိုင်တဲ့အတွက် ကစားသမားများအနေနဲ့ ဖိနပ်အခက်အခဲရှိနေတာကို    ဖြေရှင်းပေးနိုင်ရန် ၊ မြန်မာဘောလုံးအသင်း အောင်မြင်ဖို့အတွက် အခုလိုမျိုး တစ်ထောင့်တစ်နေရာကနေ ပံ့ပိုး   ပေးခွင့်ရရှိလို့ ၀မ်းသာမိတယ်လို့လည်း Bangkok Athletic ကုမ္ပဏီတာဝန်ရှိသူက ပြောကြားသွားခဲ့ပါတယ်။ နောက်ထပ်လည်း စပွန်ဆာစာချုပ်ချုပ်တိုးမြင့်သွားဖို့ အစီအစဉ်ရှိတယ်လို့သိရပါတယ်။

 

 

Related News