အနာဂတ် မြန်မာ့ခရီးသွားကဏ္ဍနဲ့ပတ်သက်ပြီး မီးခိုးမဲ့စက်ရုံတို့၏အနာဂတ် ခေါင်းစဉ်နဲ့ စကား ၀ိုင်း ဆွေးနွေးပွဲကို စက်တင်ဘာ(၇)ရက်က ရန်ကုန်မြို့ IBC ခန်းမမှာပြုလုပ်ခဲ့ပါတယ်။ Myanmar Tourism Entrepreneur Club က စီစဉ်တဲ့ အခုဆွေးနွေးပွဲမှာတော့ လက်ရှိ ခရီးသွားကဏ္ဍ အခြေအနေ၊ လာမယ့် ၂၀၃၀အတွက် အလား အလာ နဲ့ခရီးသွားကဏ္ဍဖွံ့ ဖြိုးတိုးတက်ဖို့ ၀ိုင်းဝန်းဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ အခုဆွေးနွေး ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နဲ့အတူဟိုတယ်လုပ်ငန်း၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်း ၊ဧည့်လမ်းညွှန်လုပ်ငန်း၊ ခရီးသွားနဲ့သက်ဆိုင်တဲ့ကဏ္ဍ အသီးသီးမှာ လုပ်ကိုင်နေသူတွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

၂၀၃၀ ပြည့်နှစ်မှာ ပြောင်းလဲလာနိုင်တဲ့အခြေအနေတွေကိုသုံးသပ်ခဲ့ကြသလို ပြည်တွင်းဟိုတယ် တွေရဲ့ အနေအထား ၊အနာဂတ်မှာ ခရီးသွားပိုမိုဝင်ရောက်နိုင်တဲ့အခြေအနေတွေနဲ့ ပြင်ဆင်ထားရမယ့်အခြေအနေတွေ၊ ပြည်ပခရီးသွားတွေကို ပိုမိုဆွဲဆောင်နိုင်ဖို့ နည်းလမ်းတွေကိုလည်းဆွေးနွေးခဲ့ကြပါ တယ်။အခုဆွေးနွေးပွဲကို လေကြောင်းညွှန်ကြားမှုဦးစီးဌာနက အင်ဂျင်နီယာမှူး ဦးတက်တင်ထွဋ်လည်း တက်ရောက်ခဲ့ပြီး အနာဂတ်(၂၀၃၀)အတွက် ခရီးသွားကဏ္ဍနဲ့အတူလေယာဉ်ကွင်း တွေရဲ့အခြေအနေ တွေကိုလည်းရှင်းပြခဲ့ပါတယ်။

ရန်ကုန်လေဆိပ်ကို ၂၀၁၇-၂၀၁၈မှာ ခရီးသည်(၅.၈)သန်းကျော်ဝင်ရောက် ထားပြီး (၅)နှစ်အတွင်း ခရီးသည်(၁၀)သန်းအထိ တိုးတက်လာနိုင် ကြောင်း၊ ၂၀၂၈မှာ တော့ ရန်ကုန် မက်ထရိုပိုလီတန် ဧရိယာကို ခရီးသည်(၁၇)သန်းဝင်ရောက်မယ်လို့ ခန့်မှန်းထားတာကြောင့် လက်ရှိရန်ကုန်လေဆိပ် Opeation Area ရဲ့ကန့်သတ်ချက်တွေက တိုးမြှင့်လာမယ့်ခရီးသွားတွေကို လုံခြုံမှုရှိရှိဝန်ဆောင်မှုပေးနိုင်ဖို့ စိန်ခေါ်မှုတွေရှိတယ်လို့ သိရပါတယ်။ လေဆိပ်တစ်ခုအတွက်(၅)နှစ် ၀န်းကျင် အချိန်ယူရပြီး လက်ရှိမှာ ဟံသာဝတီင်္လေဆိပ်အကောင် အထည်ဖော်နိုင်ဖို့ဆွေးနွေးနေပေမယ့် တိုးပွားလာမယ့်ခရီးသည် အရေအတွက်အရ ရန်ကုန်မက်ထရိုပိုလီတန်ဧရိယာအတွက် နိုင်ငံတ ကာ လေဆိပ်တစ်ခုမဖြစ်မနေ လိုအပ်မှာ ဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါ့အပြင် အနာဂတ်ခရီးသွားကဏ္ဍကိုအထောက်အကူပြုနိုင်ဖို့ ပြည်တွင်း လေဆိပ်(၆)ခုလောက်ကိုလည်း ဦးစားပေးအနေနဲ့ နိုင်ငံတ ကာက ချာတာဖလိုက်တွေတိုက်ရိုက်ဆင်းသက်လာရင် (CIQ)၀န်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေပြုလုပ် ဖို့ရှိတယ်လို့ ပြောပါတယ်။

UNESCO ရဲ့ ပုဂံဒေသ ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်ရေးလုပ်ငန်းစဉ်အတွက် မူကြမ်းတွေထဲမှာတော့ လက်ရှိ ခရီးသွား လေးသိန်းကျော် ၀င်ထွက်သွားလာနေတဲ့ ပုဂံညောင်ဦးလေဆိပ်ဟာ ပုဂံစေတီပုထိုးတွေအတွက် တုန်ခါမှုနဲ့ ဆူညံမှုရှိ တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ပါဝင်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေထဲက ကမ္ဘောဒီးယားနိုင်ငံက Seim Reap Angkor လေဆိပ်ဟာ ၁၉၉၂ခုနှစ်က တည်းက World Heritage စာရင်းဝင်အန်ကောဝပ်နဲ့ နီးကပ်မှုဟာ ပုဂံညောင်ဦးလေဆိပ်နဲ့ပုဂံဘုရားတွေ ထက်ပိုမိုနီးကပ်တာတွေ့ရပြီး ဒီလေဆိပ်ဟာ Airbus-A321 အထိဆင်းသက်ကာ ခရီးသည် ၄.၂သန်းအထိ ၀န်ဆောင်မှုပေးခဲ့တယ်လို့လေကြောင်းညွှန်ကြားမှုဦးစီးဌာနက အင်ဂျင်နီယာမှူး ဦးတက်တင်ထွဋ်ကပြောပါတယ်။

ဒီ့အတွက် ပုဂံညောင်ဦးလေဆိပ်ကိုလည်း Eco Airpot လေဆိပ်တစ်ခုအဖြစ် အနာဂတ်မှာဆောင်ရွက်နိုင်ဖို့ဂျပန်နိုင်ငံ နီပွန်ကိုအိကုမ္ပဏီနဲ့ နည်းပညာ အထောက်အကူပြုပစ္စည်းတွေသုံးကာ လက်တွေ့စမ်းသပ်ခဲ့ပြီး အဲဒီစမ်းသပ်ချက်အရ လေယာဉ် ဆင်းသက် ချိန်မှာ အနီးဆုံး ကီလိုမီတာ (၂၀၀)အထိ ဆူညံမှုနဲ့ တုန်ခါမှုက နိုင်ငံတကာစံညွှန်း 57db အောက်သာရှိပြီး အနောက်ဖက်မှာရှိတဲ့ စေတီပုထိုးတွေကို ထိခိုက်မှုမရှိစေပဲ အနာဂတ်မှာ B737-800 ,A320 ကဲ့သို့ ဂျက်လေယာဉ်တွေကို အကြီးဆုံးအထိကန့်သတ်ပြီး ဆင်းသက်နိုင်ဖို့နဲ့ တစ်နှစ်ကို ခရီးသွား(၄)သန်း ၀န်ဆောင်မှုပေးနိုင်သည်အထိ မျှော်မှန်းပြီး လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ မြေပြင်တွေ့ရှိချက်တွေကိုရှေးဟာင်းသုတေသနပုဂံဌာနခွဲကို ပေးပို့ ထားပြီး နှစ်ဆက်ညှိုနှိုင်းဆွေးနွေး နေတယ်လို့ဦးတက်တင်ထွဋ်က ရှင်းပြခဲ့ပါတယ်။

 

 

 

Related News