ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ Sedona Hotel Yangon တို့ပူးပေါင်းပြီး မြန်မာနိုင်ငံက လိုအပ်တဲ့နေရာများကို လှူဒါန်းနိုင်ဖို့ ရန်ပုံငွေပွဲတော်ပြုလုပ်သွားမယ်လို့ စက်တင်ဘာလ(၁၁)ရက်က Sedona Hotel မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။မြန်မာနိုင်ငံက လိုအပ်တဲ့ နေရာတွေကို လှူဒါန်းနိုင်ဖို့ ဒုတိယအကြိမ်ပြုလုပ်မယ့် ရန်ပုံငွေပွဲတော်ညစာစားပွဲအခမ်းအနားကို လာမယ့် အောက်တိုဘာ(၅)ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး  ရန်ပုံငွေပွဲတော်မှာ ညစာစားပွဲလက်မှတ်များကို ရောင်းချခြင်း၊ မိတ်ဖက်ကုမ္ပဏီတွေနဲ့ စပွန်စာကုမ္ပဏီတွေက ပစ္စည်းများရောင်းချခြင်း၊ လေလံတင်ရောင်းချခြင်းတို့မှရန်ပုံငွေရရှိအောင်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအားအနည်းဆုံး အရပ်ဒေသမှာ နေထိုင်ကြသူတွေကို အဓိကထားပြီး နိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနဲ့ အခြေခံ လူနေမှုအဆင့်အတန်းရရှိဖို့ အထောက်အပံ့ လိုအပ်တဲ့ နေရာတွေကို ပံ့ပိုးကူညီပေးနိုင်ဖို့ရည်ရွယ်ပြီး ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို (၂၀၁၂)ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ရန်ပုံငွေပွဲတော်ညစာစားပွဲမှာ နော်ဝေနိုင်ငံသူ ဆုရ ပရော်ဖက်ရှင်နယ် ပန်းချီဆရာမက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ပုံတူကြေးသွန်းပန်းပုရုပ်ထု ကို လေလံတင်ရောင်းချသွားမှာဖြစ်ပြီး Traditional Czech Crystal Co.,Ltd က ဒီဇိုင်နာရဲ့ လက်လုပ် ဖန်ထည်ပန်းအိုးတစ်ခုနဲ့ Myint Tun Oo Gems & Jewellery က ကျောက်စိမ်းပုတီးလည်ဆွဲကို ရန်ပုံငွေ ရှာဖွေရေးအတွက် လေလံတင်ရောင်းချသွားဖို့ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လက်ခံရရှိထားတယ်လို့သိရပါတယ်။ရန်ပုံငွေပွဲတော်ရဲ့ ညစာစားပွဲလက်မှတ်တွေကို Sedona Hotel Yangon မှာဦးရာလူစနစ်နဲ့ လူတစ်ဦးစာ လက်မှတ်(၁)စောင်ကို ဒေါ်လာ(၁၀၀)ဖြင့် စက်တင်ဘာ(၁၁)ရက်က စတင်ဝယ်ယူနိုင်ပြီဖြစ်ပြီး လက်မှတ်များဝယ်ယူနိုင်ဖို့ Sedona Hotel Yangon ရဲ့ Hotline နံပါတ် ၀၁-၈၆၀ ၅၃၇၇ ကို ဆက်သွယ်မေးမြန်းနိုင်တယ်လို့သိရပါတယ်။

 

 

Related News