2018 AMPA(အန်ပါ)Power Expo Myanmar ပြပွဲကို အခု စက်တင်ဘာလအတွင်း မြန်မာနိုင်ငံမှာ (၆)ကြိမ်မြောက်ပြုလုပ်သွားမှာဖြစ်ပြီး မော်တော်ကားပိုင်းဆိုင်ရာ နဲ့ လျှပ်စစ်ပိုင်းဆိုင်ရာ ဆိုပြီး ကဏ္ဍကြီး(၂)ခု နဲ့ ကျင်းပသွားမှာဖြစ်တယ်လို့ စက်တင်ဘာလ (၁၁)ရက် Novotel Hotelမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှသိရပါတယ်။ပြပွဲမှာ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ မြန်မာ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း အစရှိတဲ့နိုင်ငံတွေကနေ ထုတ်လုပ်တဲ့ အော်တိုမိုဘိုင်းဆိုင်ရာတွေ ၊အင်ဂျင်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ နဲ့ မော်တော်ကားနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေ အပြင် လျှပ်စစ်ပစ္စည်းတွေ နဲ့ ပစ္စည်းအမျိုးပေါင်း(၁၂၀)ကျော်ကို ပါဝင်ပြသမှာဖြစ်ပြီး ကမ္ဘာအနှံ့က ကျွမ်းကျင် လုပ်ငန်းရှင်တွေနဲ့ အရောင်းအ၀ယ်လုပ်ငန်းရှင်တွေ တစ်ဦးချင်းတွေ့ဆုံပွဲတစ်ထောင်ကျော်ကိုလည်းလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

အခုပြပွဲကို ကမ္ဘာ့ထိုင်ပေကုန်သွယ်မှုစင်တာ(TWTC) ၊Yorkers Trade & Marketing Service ကုမ္ပဏီ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)၊ နဲ့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းတို့  ပူပေါင်းပြသတာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက်အခွင့်အလမ်းတွေရရှိလာနိုင်ဖို့ ရည်ရွယ်ပြီး ပြသတာဖြစ်တယ်လို့ သိရပါတယ်။2018 AMPA/(အန်ပါ)Power Expo Myanmar ပြပွဲကို စက်တင်ဘာလ (၂၇)ရက်ကနေ(၃၀)ရက် အထိ အင်းယားလိတ်ဟိုတယ်ဝန်းထဲက ရန်ကုန်ကုန်သွယ်ရေးစင်တာ(YCC) မှာ ကျင်းပမှာဖြစ်ပါတယ်။

 

 

 

Related News