No2 Art Area လို့ အမည်ပေးထားတဲ့ခြံထဲမှာ  Graffiti ရေးဆွဲသူအနုပညာရှင်တွေရဲ့ လက်ရာတွေကို တစ်နေရာထဲမှာ တွေ့နိုင်မှာ ဖြစ်ပါတယ်။No2 Art Area လို့အမည်ပေးထားတဲ့ခြံထဲမှာတော့   Graffiti ရေးဆွဲသူအနုပညာရှင်တွေရဲ့ ပုံအမျိုးမျိုး အကြောင်းအရာ အမျိုးမျိုးကို  နံရံပေါ်မှာဖန်တီးရေးဆွဲပြထားတာကိုတွေ့ရမှာပါ။ No2 Art Area ကိုတော့ အနုပညာကို ရှုးသွပ်ကြတဲ့ လူငယ်တွေ က စတင်ဖွင့်လှစ်ခဲ့တာပါ။ အစပိုင်းမှာတော့ Graffiti အနုပညာရှင်တွေရဲ့ လက်ရာတွေကို စမ်းသပ်လေ့ကျင့်ရတဲ့ နေရာတစ်ခု အဖြစ်ထားရှိဖို့ ရည်ရွယ်ခဲ့ပေမယ့် Graffiti လက်ရာတွေကို စိတ်ဝင်စားတဲ့လူတွေပါလာကြည့်နိုင်အာင် ဖွင့်လှစ် ပေးခဲ့ပါတယ်။ No2 Art Area ကတော့ Graffiti ရေးဆွဲတာဝါသနာပါသူတွေရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ခွင့်ရမယ့် နေရာတစ်ခုလဲဖြစ်ပါတယ်။

No2 Art Area မှာ Graffiti ရေးဆွဲဖို့ လိုအပ်တဲ့ ပစ္စည်းအစုံကို အခမဲ့ထောက်ပံ့ပေးထားပါတယ်။ Graffiti ရေးဆွဲတဲ့အခါနံရံတွေမှာသာရေးဆွဲရတာဖြစ်တဲ့အတွက် ၀ါသနာရှင်တွေအတွက် လေ့ကျင့်စရာနေရာအခက်အခဲရှိတဲ့ အတွက် No2 Art Area လိုမျိုး ပေါ်ပေါက်လာတာ ၀ါသနာရှင်တွေအတွက်တော့ အဆင်ပြေတယ်လို့ ပြောပါတယ်။No2 Art Area ကိုတော့  ပြည်ထောင်စုလမ်း ခြံအမှတ် (2)မှာ ဖွင့်လှစ်ထားတာပါ။ မိုးရာသီဆိုရင်တော့ လာရောက်ကြည့်ရှုသူ နည်းပါးပြီး ပွင့်လင်းရာသီရောက်ရင်တော့ တစ်နေ့ကို လူဦးရေတစ်ရာဝန်းကျင် လာရောက်ကြည့်ရှုကြတယ်လို့ သိရပါတယ်။ ၀င်ကြေးအနေနဲ့ လူတစ်ယောက်ကို ငွေကျပ် နှစ်ထောင်ခန့် သတ်မှတ်ထားပြီး နံနက်ဆယ်နာရီကနေ ညရှစ်နာရီအထိ လာရောက်ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

 

 

Related News