ယခုတစ်ပတ် မန္တလေးပဲဈေးကွက်မှာ ကုလားပဲ ဈေးနှုန်း ကျဆင်းနေပြီး ကုလားပဲနဲ့ ပဲတီစိမ်း အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ စက်တင်ဘာလ(၁၃)ရက်က ကုလားပဲအုပ်စုထဲမှာ ထိုင်ဝမ်၊ V2 နဲ့ 929 ကုလားပဲ အမျိုးအစားတွေဟာ ပြီးခဲ့တဲ့အပတ်က သုံးတင်းဝင်တစ်အိတ်ကို ကျပ်(၈၃၀၀၀) ၀န်းကျင်ရှိရာမှ ယခုတစ်ပတ်မှာတော့ (၇၄၀၀၀) ၀န်းကျင်ထိ ဈေးကျသွားတယ်လို့ သိရပါ တယ်။ ယခု တစ်ပတ် မန္တလေးပဲဈေးကွက်မှာ စက်တင်ဘာလ(၁၃) ရက်က မတ်ပဲနဲ့ ပဲစင်းငုံကတော့ ဈေးအနည်းငယ်တက်ပြီး အရောင်းအဝယ်ပါးနေတယ်လို့ပြောပါတယ်။ အခြားပြည်တွင်းသုံးပဲတွေဖြစ်တဲ့ မြေထောက်ပဲ၊ ဗမာပဲကြီး၊ ပဲနီပြား၊ ထောပတ်ပဲစတဲ့ပဲ အမျိုးအစားတွေက ဈေးအနည်းငယ်တက်ပြီး ပုံမှန် အရောင်းအဝယ်ဖြစ် နေတယ်လို့ သိရ ပါ တယ်။မန္တလေး ကုန်စည်ဒိုင်မှာ ပဲမျိုးစုံ အရောင်းအ၀ယ်နည်းနေပေမဲ့ နှမ်းမျိုးစုံကတော့ အရောင်းအ၀ယ် သွက်နေတယ်လို့ သိရပါတယ်။
