(၂၀၁၈)အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေနဲ့ အုပ်စုပထမဖြစ်ဖို့ ကြိစားသွားမယ်လို့ နည်းပြချုပ် ဦးဌေးမြင့်က ပြောပါတယ်။(၂၀၁၈)အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းက အုပ်စု(က)မှာ အိမ်ရှင် အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနဲ့ မနှစ်ကပြိုင်ပွဲမှာ ဒုတိယရရှိခဲ့တဲ့ မလေးရှားအသင်းတို့နဲ့ တစ်အုပ်စုထဲ ကျရောက် နေတာဖြစ်ပါတယ်။ အုပ်စု(ခ)မှာ လက်ရှိချန်ပီယံထိုင်းအသင်း၊ ဒေသတွင်းအင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဗီယက်နမ်အသင်း၊ ဘရုနိုင်းနဲ့ အရှေ့တီမောအသင်းတို့ ပါဝင်နေပါတယ်။မြန်မာအသင်းအနေနဲ့ အုပ်စု အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး နောက်တဆင့်မှာ ထိုင်းအသင်းကို ရှောင်လွှဲဖို့အတွက် အုပ်စု တွင်းပထမဖြစ်အောင် ကြိုးစားသွားမယ်လို့ နည်းပြချုပ်က ပြောပါတယ်။

လက်ရှိမှာ ပဏာမကစားသမား(၂၂)ဦး ရွေးချယ်ထားပြီး ဖူဆယ်လိဂ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားတွေနဲ့ စည်းကမ်းပိုင်းကောင်းမွန်တဲ့ ကစားသမားတွေကို ရွေးချယ်ထားတာဖြစ်တယ်လို့ သိရပါတယ်။ လေ့ကျင့်မှုကို စက်တင်ဘာလ(၁၇)ရက်မှာ စတင်ပြုလုပ်မှာဖြစ်ပြီး အောက်တိုဘာလအတွင်း တရုတ်နိုင်ငံမှာ (၁၀)ရက် ကြာ လေ့ကျင့်မှုတွေပြုလုပ်မှာဖြစ်ပါတယ်။တရုတ်ခရီးစဉ်မှာ ခြေစမ်းပွဲ (၅)ပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒီခြေစမ်းပွဲ အပြီးမှာ ပြိုင်ပွဲအတွက် အပြီးသတ်ကစားသမားရွေးချယ်သွားမယ်လို့ သိရပါတယ်။(၂၀၁၈)အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို နိုဝင်ဘာလ(၅)ရက်ကနေ (၁၁)ရက်ထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းက အဖွင့်ပွဲစဉ်မှာ အိမ်ရှင်အင်ဒိုနီးရှားအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

 

Related News