တက်တူးရေးဆွဲခြင်းဟာ ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ရှိခဲ့ပြီး ယနေ့ခေတ်မှာတော့ ပိုမိုကျယ်ပြန့်လာပြီး တက်တူး ရေးဆွဲခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသူတွေထဲမှာ အမျိုးသမီးတွေပါ ပါဝင်လာတယ်လို့ သိရပါတယ်။ တက်တူးရေးပေးတဲ့သူလို့ ပြောလိုက်တာနဲ့ အများစုကတော့ အမျိုးသားတွေဘဲလို့ မြင်ကြပါတယ်။

ဒီနေ့ခေတ်မှာ အစစအရာရာ့ အမြင်ကျယ်လာပြီး အမျိုးသမီးတွေကပါ တက်တူးရေးပေးတဲ့သူအဖြစ် အသက်မွေးဝမ်းကျောင်းပြုလာကြပါပြီ။ နွယ်ပင်ကတော့ တက်တူးရေး ပေးတဲ့သူအဖြစ် ဘ၀ကို ရပ်တည်နေပါတယ်။ ငယ်ငယ်ကတည်းက ပန်းချီကို ၀ါသနာပါခဲ့ပြီး ပန်းချီတွေရေးဆွဲရာကနေ တက်တူးရေးခြင်း ကိုစတင် စိတ်ဝင်စားလာတယ်လို့ ဆိုပါတယ်။ 

အမျိုးသမီးဖြစ်တဲ့အတွက် မိသားစုအသိုင်းအ၀ိုင်းကပါ တက်တူးရေးဆွဲခြင်းကို အားမပေးခဲ့တဲ့အတွက် အခက်အခဲ အတားအဆီးတွေ ရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါတွေကို ကျော်ဖြတ်ခဲ့ပြီး သူမ၀ါသနာပါရာ သူမယုံကြည်ရာကို လျှောက်လှမ်းခဲ့တဲ့အတွက် အခုချိန်မှာတော့ Tattoo Artist တစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကျောင်းပြုလုပ်နိုင်ခဲ့ပါပြီ။

တက်တူးရေးဆွဲသူတွေအနေနဲ့လည်းကိုယ့်အရေပြားကိုပန်းချီရေးဆွဲတဲ့ကင်းဘတ်စတစ်ခုလိုသဘောထားပြီး အလှဆင်ရေးခြယ်နေကြတာပါ။ အထူးသဖြင့် တက်တူးအရေးခံတဲ့လူဟာ ဖက်ရှင်တစ်ခုလိုသဘောထားပြီး ကိုယ်ယုံကြည်လက်ခံထားတဲ့ ယုံကြည်မှုတစ်ခုခုဒါမှ မဟုတ်ရင်လည်း ကိုယ့်ဘ၀ရဲ့သင်္ကေတအမှတ်တရတစ်ခုအဖြစ်ရေးထိုးလေ့ရှိတယ်လို့ဆိုပါတယ်။

တချို့ကတော့ ဒါဟာသူတို့ဘ၀ရဲ့ အမှတ်တရတွေကို မပျောက်ပျက်အောင်ကိုယ်ပေါ်မှာရေးဆွဲထားလဲဖြစ်ပါတယ်။ရှေးမြန်မာမင်းတွေလက်ထက်ကတည်းက ဆေးမင်ကြောင်ထိုးကွင်းထိုးတာ ဆေးဝါးအဆောင်အဖြစ်စုပ်ထိုးတာတွေက ရှိခဲ့တာပါ။ ရှေးရိုးအမြင်ကနေ ခေတ်သစ်အမြင်ကို ဖောက်ထွက်လာကြတဲ့အထဲမှာ တက်တူးထိုးခြင်းတစ်ခုလဲအပါအ၀င်ဖြစ်ပါတယ်။ လူငယ်တွေရဲ့အရေးပြားပေါ်မှာ အလှဆင်လာကြတဲ့ တက်တူဒီဇိုင်းတွေဟာ အနုပညာပန်းချီတစ်ရပ်လဲဖြစ်နိုင်ပါတယ်။ 

 

 

 

Related News