ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် စာရေးဆရာအသင်းနဲ့ လှိုင်မြို့နယ် ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြုလုပ်တဲ့ တတိယအကြိမ်မြောက် လှိုင်စာပေဆု ချီးမြှင့်ပွဲကို စက်တင်ဘာလ (၁၆)ရက်က လှိုင်မြို့နယ်ပညာရေးမှူရုံးရှိ လှိုင်ခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လှိုင်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို မြန်မာစာအရေးအသားတိုးတက်ကောင်းမွန်လာစေရန်၊ မြန်မာစာကို ထိန်းသိမ်းတတ်စေရန်နဲ့ ချစ်မြတ်နိုးတတ်စေရန် ရည်ရွယ်ပြီး မိုးရာသီ စာစီစာကုံးပြိုင်ပွဲကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒီစာစီစာကုံးပြိုင်ပွဲကို လှိုင်မြို့နယ်အတွင်းက မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၇၅)ဦးက၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီစာစီစာကုံးပြိုင်ပွဲမှာ မူလတန်းအဆင့် အနေနဲ့ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ အထူးဆု(၂)ဆုနဲ့ အလယ်တန်းအဆင့်မှာလည်း  ပထမဆု၊ ဒုတိယဆု၊ တတိယဆုနဲ့ အထူးဆု(၂)ဆုကိုပါချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင် ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်တန်းမှာ လှိုင်မြို့နယ်အတွင်းက မြန်မာစာအမှတ်အများဆုံးရရှိခဲ့တဲ့ ကျောင်းသား၊ကျောင်းသူ (၄)ဦးကိုပါ ဂုဏ်ပြုဆုများပေးအပ်ခဲ့ပါတယ်။လှိုင်မြို့နယ် စာရေးဆရာအသင်းအနေနဲ့ နွေရာသီကျောင်းပိတ်ရက်တွေမှာ ပန်းချီသင်တန်း၊ စာစီစာကုံရေးသားနည်းသင်တန်းတွေကို အခြေခံပညာကျောင်းတွေ မှာသင်ကြားပေးနေတယ်လို့ သိရပါတယ်။ လှိုင်စာပေဆု ချီးမြှင့်ပွဲကို (၂၀၁၆)ခုနှစ်က စတင် ကျင်းပခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

 

 

Related News