Fitness Awareness Day ကို စက်တင်ဘာလ (၁၆)ရက် မနက် (၉)နာရီက Junction City  မှာကျင်းပခဲ့ပါတယ်။ အခုကျင်းပတဲ့အစီအစဉ်ကို Power House Fitness Club က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး 2016 ခုနှစ်ကတည်းက အခုလို    ပွဲမျိုးကို (၄)လ တစ်ကြိမ်ကျင်းပပေးနေတယ်လို့သိရပါတယ်။အခုကျင်းပတဲ့ပွဲက အသက်အရွယ်ကြီး   တဲ့ အမျိုးသား ၊ အမျိုးသမီးများ မအားလပ်တဲ့အမျိုးသား ၊ အမျိုးသမီး လူငယ်လူရွယ်များအတွက်  ကျန်းမာ ရေးနဲ့ပတ်သက်တဲ့ ဗဟုသုတရစေပြီး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အစားအသောက်များ ၊ လေ့ကျင့်ခန်းပုံစံများကို စနစ်တကျလုပ်ဆောင်တတ်စေဖို့ ရည်ရွယ်ချက်နဲ့ ကျင်းပပြုလုပ်ခဲ့တာ လည်းဖြစ်ပါ တယ်။

Fitness Awareness Day မှာ Zumba ကို ပြသတဲ့အစီအစဉ်များ ၊ Pound Demo ပြသတဲ့အစီအစဉ်များ ၊ ကျန်းမာရေးနဲ့ပတ်သက်တဲ့ဟောပြောတဲ့ အစီအစဉ်များ ၊ ကိုယ်ခန္ဓာကြီးမားဖွံဖြိုး ဖို့အတွက် ကစားနည်း အစီ အစဉ်များကို ပြသခဲ့ပါတယ်။ဒီ အစီအစဉ်ကို လာရောက်ကြည့်ရှုသူများပြားခဲ့ပြီး Trainer များ  နဲ့ အတူတူ ပူးပေါင်းပါဝင်ကစားသူများလည်း ရှိခဲ့ပါတယ်။

Fitness Awareness Day ကို မနက် (၉)နာရီကနေ ည (၈)နာရီထိ ကျင်းပခဲ့တာဖြစ်ပြီး  နောက်ထပ်လည်း Power House Fitness Club အနေနဲ့အထက်တန်း ကျောင်းတွေမှာလည်း ကလေးငယ်များ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်စေဖို့ ဟောပြောပွဲများ ၊    Demostrction အစီအစဉ်များ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

 

 

Related News