(8)ကြိမ်မြောက် ကျင်းပခဲ့တဲ့ Victoria University College ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနဲ့ ဆုပေးပွဲကို   စက်တင်ဘာလ(၁၇)ရက် ညနေ (၄)နာရီက ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  Victoria University College ဘောလုံးပြိုင်ပွဲက အသင်း (၉)သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ရှုံးထွက်စနစ်  နဲ့ကစားခဲ့တာဖြစ်ပါတယ်။အခုပြိုင်ပွဲကဘောလုံးအားကစားနည်းကိုဝါသနာပါတဲ့ကျောင်းသားအများစုက၀င်   ရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်။ပြိုင်ပွဲရဲ့နောက်ဆုံးဗိုလ်လုပွဲမှာတော့ Ultra Legand အသင်းနဲ့ Super Stars     အသင်းတို့ကတွေ့ဆုံခဲ့ပါတယ်။ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပွဲချိန်အတွင်း အနိုင်အရှုံးရလဒ်မပေါ်ခဲ့တာကြောင့် ပယ်နယ်တီအဆုံးအဖြတ်နဲ့ယှဉ်ပြိုင်ခဲ့ရာပယ်နယ်တီမှာတော့ Super Stars အသင်းက အနိုင်ရရှိပြီး ဗိုလ်စွဲ သွားခဲ့တာဖြစ်ပါတယ်။


ဆက်လက်ပြီး ဆုပေးပွဲအခမ်းအနားကို ကျင်းပခဲ့ရာ  ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစား သမားဆုများ ၊ ပြိုင်ပွဲတစ်လျှောက်အတိုးတက်ဆုံးကစားသမားဆုများ ကိုချီးမြှင့်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ပထမဆုကို Super Star ၊ ဒုတိယဆုကို Ultra Legand ၊ တတိယဆုကို Red Devil နဲ့ စတုထ္ထဆုကို MTU အသင်းကို ရရှိခဲ့ပြီး တစ်ဦးချင်းဆုတံဆိပ်၊ ဆုငွေများကိုချီးမြှင့်ခဲ့ပါတယ်။အခုပြိုင်ပွဲက အကောင်းဆုံးကစားသမားများကို  ရွေးချယ်ပြီး VUC အသင်းဖွဲ့ကာ မကြာခင်မှာ ယှဉ်ပြိုင်တော့မဲ့ တက္ကသိုလ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲမှာ VUC ကျောင်းကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ သိရ ပါတယ်။

 

 

Related News