အမေရိကန်အခြေစိုက် ကမ္ဘာကျော် Starbucks ကော်ဖီဆိုင်တွေ မြန်မာနိုင်ငံမှာ ဖွင့်ဖို့ရှိမရှိ တစ်နှစ် အတွင်း အကြောင်းပြန်မှာ ဖြစ်ပြီး လက်ရှိမှာ ခွင့်ပြုမိန့်လိုင်စင်ပြန်အပ်သွားတာမျိုးမဟုတ်ဘူးလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံက သိရပါတယ်။အနောက်နိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုနည်းပါးနေချိန် Starbucks လုပ်ငန်းစုအနေနဲ့ ဆိုင်ခွဲတွေဖွင့်ဖို့ စီစဉ်ထား ပြီးမှ ရုတ်တရက် ပြန်ထွက်သွားတဲ့အပေါ် အမျိုးမျိုးသုံးသပ်မှုတွေရှိနေပြီး ဒါကိုရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတာဝန်ရှိသူ ပြန်လည် ရှင်းလင်းခဲ့တာပါ။Starbucks အနေနဲ့ လက်ရှိမှာ လုပ်ငန်းစတင်ဖို့ ရွှေ့ဆိုင်းထားတာသာဖြစ်ပြီး ခွင့်ပြုမိန့်ပြန်အပ်တာမျိုး မဟုတ် ဘူးလို့ပြောပါတယ်။စက်တင်ဘာ(၁၈)ရက်နေ့က ပြုလုပ်တဲ့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာန ရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

Starbucks ကော်ဖီဟာ Coffee Concept Myanmar ကုမ္ပဏီအနေနဲ့ ပြည်တွင်းမှာ အမေရိကန် ဒေါ်လာ ခြောက်သန်း ရင်းနှီးမြှုပ်နှံကာ ဆိုင်ခွဲပေါင်း(၂၀)ကျော်ဖွင့်လှစ်ဖို့ စီစဉ်ထားတာပါ။ Starbucks ကို မြန်မာ နိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်အနေနဲ့မေလ(၁၂)ရက်က ခွင့်ပြုမိန့်ပေးခဲ့တာဖြစ်ပြီး ပထမဆုံးဆိုင်ကို  Sule Square မှာ ဖွင့်ဖို့စီစဉ်ထားခဲ့တာဖြစ်ပါတယ်။
     Starbucks ရဲ့ တရုတ်နဲ့အာရှပစိဖိတ်ဆိုင်ရာ ပြန်ကြားရေးတာဝန်ခံကတော့ လက်ရှိမှာ မြန်မာနိုင်ငံ မှာ ဖွင့်လှစ်ဖို့အစီအစဉ်မရှိသေးကြောင်းဖြေကြားပါတယ်။Starbucks ဟာ အာဆီယံနိုင်ငံတွေမှာလည်း ဆိုင်ခွဲ ရာနဲ့ချီ ဖွင့်လှစ် ထားတာဖြစ်ပြီး မြန်မာနိုင်ငံ နဲ့ လာအိုနိုင်ငံ တွေမှာသာ ဆိုင်ခွဲမရှိသေးတာပါ။

၁၉၈၈ခုနှစ်နောက်ပိုင်း အမေရိကန်လုပ်ငန်း(၂၀)ကျော်ဟာ မြန်မာနိုင်ငံမှာလာရောက် ရင်းနှီးမြှုပ်နှံ မှုရှိခဲ့ပြီး လက်ရှိအချိန်အထိ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသန်း ၄၃၀ ကျော် ရှိထားပါတယ်။ လက်ရှိ မှာလည်း Coca-Cola၊ Pepsi ၊ KFC အပါအ၀င် အမေရိကန် အခြေစိုက် နာမည်ကျော်လုပ်ငန်းစုတွေက ပြည်တွင်း မှာ လာရောက် ရင်းနှီးမြှုပ်နှံထားပါတယ်။

 

 

Related News