Thai-Myanmar Business Matching on Niche Market Products 2018 အမည်ရှိတဲ့ ထိုင်းနိုင်ငံရဲ့ထုတ်ကုန် ပစ္စည်းများပြပွဲကို စက်တင်ဘာလ(၂၀)ရက် က Pullman Yangon Centrepoint Hotel မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံကုမ္ပဏီကြီးတွေက တိုက်ရိုက်ဈေးကွက်ရှာတဲ့ စီးပွားရေးပြပွဲတစ်ခုဖြစ်တဲ့ Thai-Myanmar Business Matching on Niche Market Products 2018 ပြပွဲကို ပြုလုပ်တာဖြစ်ပါတယ်။ဒီပြပွဲမှာ ထိုင်းနိုင်ငံရဲ့ကုမ္ပဏီကြီး(၂၈)ခုက ထုတ်လုပ်တဲ့ အလှကုန်ပစ္စည်းများ၊ ဆေးဝါး၊ အ၀တ်အထည်၊ မီးဖိုချောင် သုံးပစ္စည်းများ၊ ပရိဘောဂပစ္စည်းများအစရှိတာတွေ ကို ပြသခဲ့တာဖြစ်ပါတယ်။ ဒီပြပွဲလာရောက်သူတွေအနေနဲ့ ထိုင်းကုန်စည် ပစ္စည်းတွေကို တိုက်ရိုက်လေ့လာဝယ်ယူနိုင်တယ်လို့သိရပါတယ်။

ထိုင်းသံရုံးကဦးစီးပြုလုပ်တဲ့ ထိုင်းကုန်စည်ပြပွဲကိုတော့ ရန်ကုန်မှာတစ်နှစ်ကို (၅) ကြိမ်ကနေ(၁၀) ကြိမ်အထိ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ ထိုင်းထုတ်ကုန်ပစ္စည်းတွေကို လူသုံးများလာတာနဲ့ ဈေးကွက်ကိုပိုမိုကျယ်ပြန့်စွာ ဖြန့်ချီချင်တဲ့အတွက် ဒီလိုပြပွဲတွေကို လာရောက်ပြုလုပ်တာဖြစ်တယ်လို့လဲ သိရပါတယ်။စက်တင်ဘာလ (၁၉)ရက်က Pullman Yangon Centrepoint Hotel မှာ မြန်မာနိုင်ငံရဲ့ ဈေးကွက် ဟောပြောပွဲဖြစ်လုပ်ခဲ့ပြီး  စက်တင်ဘာလ (၂၀)ရက်မှာတော့ ထိုင်းထုတ်ကုန်ပစ္စည်းများပြသခဲ့ပါတယ်။ စက်တင်ဘာလ (၂၁)ရက်မှာတော့ ထိုင်းနိုင်ငံက စီးပွားလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာရှိတဲ့ SuperMarketတွေကို သွားရောက်လေ့လာခဲ့တယ်လို့ သိရပါတယ်။ 

 

 

Related News