ကမ်ပိုနည်းပြ မွမ်းမံသင်တန်းဆင်းပွဲကို စက်တင်ဘာလ (၁၉)ရက် ညနေ (၄)နာရီ ကျိုက္ကဆံကွင်း  မှာရှိတဲ့ မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချူပ်မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံ ကမ်ပိုနည်းပြ မွမ်းမံသင်တန်းကို စက်တင်ဘာလ (၉)ရက်က စတင်ဖွင့်လှစ်သင်ကြားပေးခဲ့တာဖြစ်   ပြီး ဂျပန်နိုင်ငံက ကမ်ပို နည်းပြများကိုယ်တိုင် လာရောက်သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ကမ်ပိုကစားနည်းက တိုက်ကွမ်ဒို   နဲ့ အာခီဒို ကစားနည်းကို ပေါင်းစပ်ထားတဲ့ ကစားနည်းတခုဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ လူသိနည်း တဲ့ ကစားနည်းတခုဖြစ်ပါတယ်။အခုဖွင့်လှစ်တဲ့ နည်းပြသင်တန်းကို လက်ရှိကမ်ပို ကစားသမား အယောက် (၂၀)ကျော်ကတက်ရောက်သင်ကြားခဲ့ပါတယ်။

အခု ကမ်ပို နည်းပြသင်တန်းမှာ ဂျပန် နည်းပြများက ကိုယ့်ကိုယ်ကို ကာကွယ်နည်းများ အပါအ၀င်ကမ်ပို ကစားနည်းနဲ့   ပတ်သက်ပြီး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။အခု သင်တန်းမှာ တက်ရောက်ခဲ့တဲ    ကစားသမားများက ကမ်ပို ကစားနည်း ကို စိတ်ဝင်စားသူများကိုလည်း ကမ်ပို အဖွဲ့ချူပ်မှာ ထပ်ဆင့် ပြန်လည်သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံ ကမ်ပိုအဖွဲ့ချူပ်က ကမ်ပိုကစားနည်း တိုးတက်ဖို့အတွက် ဂျပန်နိုင်ငံကနည်းပြများက မြန်မာနိုင်ငံကို လာရောက်ပြီး ကျိုက္ကဆံကွင်းမှာရှိတဲ့ မြန်မာနိုင်ငံကမ်ပိုအဖွဲ့ချူပ်မှာ ဟောပြောပွဲများလုပ်သွားမယ်လို့ သိရပါ တယ်။ 

 

 

 

Related News