ဒုတိယကမ္ဘာစစ်အပြီး ကျန်ရှိခဲ့တဲ့ ရှေးဟောင်းဆိုင်ကယ်တွေကို အမြတ်တနိုးနဲ့ စုဆောင်းထားတဲ့သူကိုပြေပိုင်က တာမွေမြို့နယ်မှာနေထိုင်သူတစ်ဦး ဖြစ်ပြီး ၁၉၃၀ ကျော်ကာလဝန်းကျင် ဒုတိယကမ္ဘာစစ်အပြီး ကျန်ရှိခဲ့တဲ့ ရှေးဟောင်းဆိုင်ကယ်တွေကို ဝါသနာပါလွန်းတာကြောင့် ရှာဖွေစုဆောင်း နေသူတစ်ဦး ဖြစ်ပါတယ်။  သူရဲ့အဖိုးသက်ရှိထင်ရှားရှိစဉ်ကဒီဆိုင်ကယ်တွေနဲ့ အကျွမ်းတဝင်ရှိလွန်းတာကြောင့်  ဆိုင်ကယ်တွေကို အခုချိန်ထိ ရှာဖွေစုဆောင်းနေတာ ပဲ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒီဆိုင်ကယ်တွေကို ဝယ်ယူစုဆောင်းပြီး ခရီးသွားတဲ့ အခါတွေမှာလည်း အဲ့ဒီဆိုင်ကယ်တွေနဲ့ သွားလေ့ရှိတယ်လို့ ပြောပါတယ်။ ရှေးဟောင်း ဆိုင်ကယ်တွေဖြစ်တာကြောင့် ခရီးသွားလာတဲ့ အခါမှာလည်း ပြုပြင်ဆောင်ရွက်ရာမှာ အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ ကိုပြေပိုင်က ပြောပါတယ်။ 

ကိုပြေပိုင်လို ရှေးဟောင်းဆိုင်ကယ်တွေကို စုဆောင်းတဲ့ သူနောက်တစ်ဦးကတော့ ကိုကျော်ဇေယျပဲ ဖြစ်ပါတယ်။ ကိုကျော်ဇေယျကတော့ တောင်ဥက္ကလာပမြို့နယ်မှာနေထိုင်သူတစ်ဦး ဖြစ်ပြီး ရှေးဟောင်းဆိုင်ကယ်စုဆောင်းတာ သုံးနှစ်ကျော်ခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။ သူစုဆောင်းတာကလည်း ဒုတိယကမ္ဘာစစ်အပြီး ကျန်ရှိခဲ့တဲ့ ရှေးဟောင်းဆိုင်ကယ်တွေနဲ့ အင်္ဂလန်နိုင်ငံထုတ် ထရန့်ဆိုင်ကယ်တံဆိပ်တွေကို စုဆောင်း ဖြစ်တယ်လို့ ပြောပါတယ်။ 

အခုဆိုရင် ရှေးဟောင်းဆိုင်ကယ်စုဆောင်းသူတွေစုပေါင်းပြီး Classic Bike Crazy Group လေးဖွဲ့စည်းထားပြီး ရှေးဟောင်းဆိုင်ကယ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို Facebook စာမျက်နှာမှာ စုစည်းဖော်ပြထားပြီး ရှေးဟောင်းဆိုင်ကယ်နဲ့ ပတ်သက်ပြီး သိချင်တာတွေကိုလည်း မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကမ္ဘာလှည့်ဒေါ်တင်တင်စိန်နဲ့ ပူးပေါင်းပြီး ရှေးဟောင်းကားတွေ ဆိုင်ကယ်တွေကို ပြပွဲတွေပြုလုပ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 


 

Related News