ဂျပန်နိုင်ငံအနောက်ပိုင်း၊ အိုဆာကာစီရင်စုမှာ စက်တင်ဘာလ(၂၁)ရက်မနက်ပိုင်းကစပြီး ကန်ဆိုင်နိုင်ငံတကာလေဆိပ်တစ်ခု လုံးကိုပြန်ဖွင့်ခဲ့ပါတယ်။ အခုနှစ်အစောပိုင်းမှာ အိုဆာကာစီရင်စုကို အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းတစ်ခုဝင်ရောက်ခဲ့တာကြောင့် လေဆိပ်ရဲ့အစိတ်အပိုင်းအတော်များများလည်းပျက်စီးခဲ့တာပါ။ အခုလိုလေဆိပ်တစ်ခုလုံးကိုပြန်ဖွင့်လိုက်တာက ခရီးသွားလုပ် ငန်းနဲ့ စီရင်စုထဲကတခြားစီးပွားရေးလှုပ်ရှားမှုတွေအတွက်ကောင်းမွန်မှာဖြစ်တယ်လို့ ခရီးသည်တစ်ဦးကပြောပါတယ်။ ဂျပန်ပြည် တွင်းနဲ့ နိုင်ငံတကာလေကြောင်းခရီးစဉ်(၄၇၁)ခုကို ပုံမှန်အတိုင်းပြန်ပြေးဆွဲနိုင်အောင်စီစဉ်ထားတယ်လို့ ကန်ဆိုင်လေဆိပ်လုပ် ငန်းရှင်ကပြောပါတယ်။ လေဆိပ်ထဲကိုဝင်တဲ့လမ်းကြောင်းတချို့ကအ၀င်လမ်းတွေကိုတော့ ပိတ်ထားဆဲဖြစ်ပေမဲ့ မီးရထားလမ်း ကြောင်းတွေအားလုံးလည်းပြန်ပြေးဆွဲနေပြီဖြစ်ပါတယ်။ 

သြစတြေလျနိုင်ငံ၊ ကွင်းစ်လန်းပြည်နယ်မြောက်ပိုင်းမှာ စက်တင်ဘာလ(၂၁)ရက်ကငါးမန်းတစ်ကောင်ရဲ့တိုက်ခိုက်မှုကြောင့် အ သက်(၁၂)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦးနဲ့ အသက်(၄၆)နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့ပြီး စိုး ရိမ်ရတဲ့အခြေအနေမှာရှိနေပါတယ်။ ဂျူးလူမျိုးတွေရဲ့လွတ်မြောက်ခြင်းနေ့အထိမ်းအမှတ်ပွဲတော် အီစတာပွဲတော်မတိုင်ခင်ရက် တွေမှာ ဆစ်ဒ်ကမ်းခြေနားတစ်ဝိုက်ကိုတားမြစ်နယ်မြေအဖြစ်သတ်မှတ်ထားပြီး ရေထဲမှာမနေကြဖို့အာဏာပိုင်တွေက သတိပေး ထားတာပါ။ ဒဏ်ရာရခဲ့သူနှစ်ဦးဟာသွေးထွက်လွန်တာတစ်ခုထဲမဟုတ်ဘဲ ရေငန်ရေတွေနဲ့လည်းထိတွေ့ခဲ့တာကြောင့် အခုလို ပြင်းထန်တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာလို့ မက်စ်ကေဘေ့စ်ဆေးရုံကပြောပါတယ်။ ဆစ်ဒ်ကမ်းခြေမှာ သန္တာကျောက်တန်းတွေ ပေါများပေမဲ့ ငါးမန်းမျိုးစိတ်ပေါင်း(၁၀၀) ကျော်ရှိပြီး ဝေလငါးမျိုးစိတ်တွေ(ဒါမှမဟုတ်) ကျားငမန်းတွေအများစုနေထိုင်ကြတယ်လို့ သြစတြေးလျငါးလုပ်ငန်းဦးစီဌာနကပြောခဲ့ပါတယ်။ 

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အနောက်တောင်ပိုင်း၊ မြို့တော် ကူမင်းကတိရစ္ဆာန်ရုံတစ်ခုမှာ စက်တင်ဘာလ(၂၁)ရက်က အခုနှစ် ဆောင်းဦး ရာသီပွဲတော်အကြိုကျင်းပခဲ့ပြီး တိရစ္ဆာန်တွေအတွက်အထူးပြင်ဆင်ထားတဲ့ မုန့်တွေကျွေးမွေးခဲ့ပါတယ်။ ဒီအားလပ် ရက်အတွက် မုန်လာဥနီ၊ မြက်နဲ့ သစ်သီးတွေကို အရသာအမျိုးမျိုးဖြစ်အောင်ပါဝင်ပစ္စည်းတွေအဖြစ်ထည့်သုံးထားပြီး ပန်ဒါဝက်ဝံ တွေ အတွက်ပြောင်းဖူး အရသာရှိတဲ့ မုန့်တွေ၊ မြွေပါမျိုးနွယ်ဝင်တိရစ္ဆာန်တွေအတွက်ပိုးကောင်အရသာရှိတဲ့မုန့်တွေနဲ့ ကြံ့တွေအတွက် မြက်အရသာရှိတဲ့ မုန့်တွေပြင်ဆင်ပေးခဲ့ တယ်လို့ တိရစ္ဆာန်ရုံထိန်းသိမ်းစောင့်ရှောက်သူတွေကပြောပါတယ်။ တရုတ်နိုင်ငံမှာ ဆောင်းဦးရာသီပွဲတော်ကို ရိုးရာပွဲတော်တစ်ခုအဖြစ် နှစ်စဉ်ကျင်းပနေပြီး အခုနှစ်ရဲ့ဆောင်းဦးရာသီပွဲတော်နေ့ကတော့ စက်တင် ဘာလ(၂၄)ရက်မှာကျရောက်မှာပါ။

 

 

Related News