Japan Expo 2018 ပြပွဲ ကို အောက်တိုဘာ (၂၇)ကနေ (၂၉)ရက်ထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော် ခန်းမ မှာ (3)ရက်တာကျင်းပသွားမှာဖြစ်တယ်လို့ အောက်တိုဘာလ(၁၁) ရက်မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲက သိရပါတယ်။Japan Expo 2018  ပြပွဲမှာ ဂျပန် ထုတ်ကုန်အမှတ်တံဆိပ်များ၊ ဂျပန်နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ထုတ်ကုန်များ၊ ဂျပန်ဘာသာစကားသင်တန်းကျောင်းများ၊ ဂျပန်နိုင်ငံရှိ အလုပ်အကိုင်အခွင့် အလမ်းများကို ချိတ်ဆက်ပေးမယ့် အလုပ်အကိုင်အေဂျင်စီများ၊ ဂျပန်ရိုးရာစားသောက်ဆိုင်များ၊ ဂျပန်နိုင်ငံဆိုင်ရာ ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများ အစရှိတဲ့ ဂျပန်နိုင်ငံရဲ့ကုမ္ပဏီပေါင်း(၇၀) ကျော်မှ အခန်းပေါင်း (၁၆၀) ကျော်နဲ့ လာရောက်ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Japan Expo ပြပွဲကို မြန်မာ-ဂျပန် နှစ်နိုင်ငံကြား စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုတွေကိုအပြန်အလှန် ဖလှယ်နိုင်စေဖို့၊ ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံစေဖို့နဲ့ နှစ်နိုင်ငံ စီပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ အတွက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ သိရပါတယ်။Japan Expo ပြပွဲ ကို မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှုအဖွဲ့အစည်း(Japan External Trade Organization) နဲ့ Myanmar Promotional Service ကုမ္ပဏီတို့ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။ Japan Expo ပြပွဲကို ၂၀၁၂ ခုနှစ် စတင်ကာ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တို့မှာ နှစ်စဉ်ကျင်းပ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ Japan Expo 2018 ပြပွဲကတော့ သတ္တမကြိမ်မြောက် ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News