တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်အနောက်တောင်ပိုင်းမှာ လူသွားလမ်းတစ်ခုပြိုကျခဲ့တာကြောင့် လူ(၄)ဦးပျောက်ဆုံးခဲ့ပြီး အဲဒီထဲက (၂)ဦးကိုတော့ပြန်တွေ့ခဲ့ပေမဲ့ နောက်ထပ်(၂)ဦးကတော့ပျောက်ဆုံးနေဆဲလို့သိရပါတယ်။တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်အနောက်တောင်ပိုင်းမှာ လူသွားလမ်းတစ်ခုရုတ်တရတ်ပြိုကျခဲ့တာကြောင့် လမ်းသွားလမ်းလာ(၄)ဦး ပျောက်ဆုံးခဲ့ပါတယ်။ ပျောက်ဆုံးနေသူတွေထဲက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုပြန်တွေ့ခဲ့ပေမဲ့ ဒဏ်ရာတွေပြင်းပြင်း ထန်ထန်ရခဲ့တာကြောင့် ဆေးရုံကိုပို့ပေးပြီးနောက်မှာ အမျိုးသမီးကတော့သေဆုံးခဲ့တယ်လို့သိရပါတယ်။

နောက်ထပ်ပျောက် ဆုံးနေသူ(၂)ဦးကို ကယ်ဆယ်ရေးသမားတွေကဆက်လက်ရှာဖွေနေပေမဲ့ မြေပြိုမှုက မြေအောက်(၁၀)မီတာအထိကျွံကျခဲ့တာ ကြောင့် ရှာဖွေရေးတွေလုပ်ဆောင်ရာမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။ မြေတူးစက်တွေကိုနေရာမချခင်မှာ မြေအောက် (၂)မီတာအထိရှင်းလင်းရေးတွေလုပ်ဆောင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ လမ်းပြိုကျခဲ့တဲ့နေရာနားက မြေတွေကို မြေတူးစက်တွေနဲ့ရှင်းလင်းနေပြီး နောက်တစ်ကြိမ်အခုလိုထပ်မပြိုကျအောင်လုပ်ဆောင်တာဖြစ်တယ်လို့ ဒါဂျိုးမီး သတ်တပ်ဖွဲ့အရာရှိတစ်ဦးကပြောပါတယ်။

ပြိုကျခဲ့တဲ့လမ်းအောက်မှာ ရှုပ်ထွေးနေတဲ့ကေဘယ်လ်ကြိုးတွေ၊ ၀ါယာကြိုးတွေနဲ့ ဂတ်စ်ပိုက်လိုင်းတွေကိုတွေ့ခဲ့ရတယ်လို့ ကယ်ဆယ်ရေးသမားတွေကပြောပါတယ်။ ဘာကြောင့်အခုလိုလမ်းပြိုကျခဲ့ရသလဲဆိုတဲ့ အကြောင်းအရင်းကို မသိရသေးပေမဲ့ စုံစမ်းမှုတွေလုပ်နေပြီး ပျောက်ဆုံးနေသေးတဲ့လူ(၂)ဦးကိုဆက်ရှာဖွေသွားမယ်လို့ မီးသတ် တပ်ဖွဲ့အရာရှိတစ်ဦးကပြောခဲ့ပါတယ်။

 

 

Related News