CVT Myanmar အသက်မွေးမှုအတက်ပညာသင်တန်း ရဲ့ ကျောင်းဆောင်သစ်တစ်ခုဖြစ်တဲ့ သက်မွေးအကြိုသင်တန်းကျောင်း ဖွင့်ပွဲ ကို နိုဝင်ဘာလ(၉)ရက်က CVT Myanmar သက်မွေးအကြိုသင်တန်းကျောင်းတည်ရှိတဲ့ ရန်ကုန်မြို့ Mindama Garden city မှာဖွင့်လှစ်ခဲ့တာဖြစ်ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ခဲ့ပါတယ်။ CVT Myanmar အသက်မွေးမှုအတက်ပညာသင်တန်းကို ၂၀၀၂ ခုနှစ်ကစတင်တည်ထောင်ခဲ့တာဖြစ်ပြီး CVT Myanmar က အလုပ်သင်ပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

အခုထပ်မံဖွင့်လှစ်လိုက်တဲ့ CVT Myanmar သက်မွေးအကြိုသင်တန်း ကျောင်းမှာ သက်မွေးမှုနည်းပညာသင်တန်း၊ သက်မွေးအကြိုသင်တန်း၊စွမ်းရည်မြှင့် သင်တန်းအစီအစဉ်တွေဖြစ်တဲ့ သက်မွေးဆရာဖြစ်သင်တန်း၊ ကုမ္ပဏီတွင်းဆရာဖြစ်သင်တန်း၊လူငယ်စွန့်ဦးစီးပွားသင်တန်းစတဲ့ ကဏ္ဍအလိုက်သင်တန်းတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။ 

CVT Myanamr သက်မွေးအကြိုသင်တန်းကျောင်းမှာ ကျောင်းပြင်ပရောက်လူငယ်၊လူရွယ်တွေအတွက် သက်မွေးပညာ အခြေခံများ၊စာပေပညာများ၊လုပ်ငန်းခွင်အကျိုးပြုဘာသာရပ်များနဲ့ကာယ၊ဉာဏ၊စာရိတ္တဖွံ့ဖြိုးရေးစတဲ့ဘက်စုံဖွံ့ဖြိုးရေးအတွက် ကျွမ်းကျင်မှုအခြေပြုသင်ရိုးတွေကို ဗဟိုပြုသင်ကြားမှုပုံစံတွေနဲ့ အခမဲ့သင်ကြားပေးနေတာဖြစ်ပါတယ်။အသက်မွေးမှုအတက်ပညာသင်တန်း ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ၂၀၀၂ခုနှစ်ကနေ အခု (2018)ခုနှစ်အထိ သင်တန်းသား၊သင်တန်းသူပေါင်း (၁၀၀၀)နီးပါးကို မွေးထုတ်ပေးနိုင်ခဲ့ တယ်လို့သိရပါတယ်။

 

 

 

 

Related News