မြန်မာနိုင်ငံလုံးဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း ရန်ကုန်တိုင်း ဒေသကြီးတို့နဲ့ တိုင်း၊ ခရိုင်၊ မြို့နယ်သာသနာနုဂ္ဂဟအသင်းတွေ ၊ အလှူရှင်တွေ စုပေါင်းပြီးပြုလုပ်တဲ့ မဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ(၁၀)ရက်က ကမ္ဘာအေးဘုရားဝင်းရှိ နိုင်ငံတော်ပရိယတ္တိသာသနာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမမှာပြုလုပ် ခဲ့ပါတယ်။ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်(၄)ခရိုင်မှာရှိတဲ့ မြို့နယ်တွေစုပေါင်းပြီး နိုဝင်ဘာ(၉)ရက် မှာတော့ ကထိန်ပဒေသာပင်တွေကို ရန်ကုန်တိုင်းအတွင်းလှည့်လည်ခဲ့ပြီး နိုဝင်ဘာ(၁၀)ရက်မှာတော့ အလှူတော်မင်္ဂလာအခမ်း အနားနဲ့ ဆက်ကပ်လှူဒါန်းခဲ့ကြတယ်လို့သိရပါတယ်။

အခုလိုလှူဒါန်းထားတဲ့ ကထိန်ပဒေသာပင်ပေါင်း(၁၀၈)ပင်ကို နယ်စပ် တောင်တန်းဒေသမှာ သတင်းသုံးနေတဲ့ သံဃာတော်တွေကို လှူဖွယ်ပစ္စည်းတွေလှူဒါန်းသွားမှာဖြစ်ပြီး နိုင်ငံတော်ပရိယတ္တိ တက္ကသိုလ်ကိုတော့ ဆွမ်းပဒေသာပင်အဖြစ် လှူဖွယ်ဝတ္ထုတွေကို ဆက်ကပ်လှူဒါန်းသွားမယ်လို့သိရပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း ရန်ကုန်တိုင်း ဒေသကြီးအနေနဲ့ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ပထမဆုံးကျင်းပတာဖြစ်ပြီး အဲ့ဒိလှူဒါန်းပွဲကို သာသနာရေးနှင့်ယဉ်ကျေးမှု ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် သာသနာ နုဂ္ဂဟအသင်းတွေအနေနဲ့လည်း အခုလိုလှူဒါန်းမှုတွေအပြင် လူငယ်တွေအတွက် ယဉ်ကျေးလိမ္မာသင်တန်းများ၊ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေအတွက် အဘိဓမ္မာသင်တန်းတွေကိုလည်း အခမဲ့ပို့ချပေးလျက်ရှိတယ်လို့သိရပါတယ်။

 

 

 

Related News