လူငယ်တို့ရဲ့ ရုပ်ရှင်အတွေးအမြင်ဆွေးနွေးပွဲကိုနိုဝင်ဘာလ (၁၁)ရက်က ရန်ကုန်မြို့ရှိ ရုပ်ရှင်မြှင့်တင်ရေးစင်တာမှာ ကျင်းပခဲ့ပါတယ်။ ဒီဆွေးနွေးပွဲမှာ အာရှ၊ဥရောပ၊အမေရိကန်စတဲ့ နိုင်ငံတကာရုပ်ရှင်ကျောင်းတွေမှာ သွားရောက် လေ့လာခဲ့တဲ့ လူငယ်တွေကို ဖိတ်ပြီး  သူတို့ရဲ့ ရုပ်ရှင်နဲ့ပတ်သက်တဲ့ အတွေးအမြင်တွေကို  ဖလှယ်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားတွေ အများ အပြား ရိုက်ကူးထုတ်လုပ်လာနိုင်ပေမယ့် စီးပွားရေးအရ ရိုက်ကူးတဲ့ ရုပ်ရှင်ကားတွေသာများပြားပြီး အနုပညာဇောင်းပေး ရိုက်ကူးတဲ့ ဇာတ်လမ်းတိုရုပ်ရှင်တွေ နည်းပါးနေသေးတယ်လို့ လူငယ်တို့ရဲ့ ရုပ်ရှင်အတွေးအမြင် ဆွေးနွေးပွဲမှာ ဆွေးနွေးသူ ကိုအောင်ဖြိုးကပြောပါတယ်။

ဒီလိုအနုပညာဇောင်းပေးရိုက်ကူးတဲ့ ဇာတ်လမ်းတိုရုပ်ရှင်တွေ ကိုရိုက်ကူးနိုင်ဖို့ နိုင်ငံတကာမှာ ပုဂ္ဂလိက တီဗွီချန်နယ်တွေမှ ရရှိတဲ့ အခွန် ရုပ်ရှင်ရုံလက်မှတ်တွေကရတဲ့ အခွန်တွေကို သုံးပြီးဇာတ်လမ်းတိုအတွက်ပံ့ပိုးပေးတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာလည်း ဇာတ်လမ်းတိုရုပ်ရှင်တွေ ရိုက်ကူးနိုင်ဖို့ ပံ့ပိုးပေးမှုတွေ လိုအပ်နေတာပါ။ဒါ့အပြင်နိုင်ငံတကာရုပ်ရှင်ဈေးကွက်ကိုထိုးဖောက်နိုင်ဖို့ က ဇာတ်လမ်းတိုရုပ်ရှင်တွေများများပေါ်ပေါက်လာဖို့ လိုအပ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။လူငယ်တို့ရဲ့ ရုပ်ရှင်အတွေးအမြင် ဆွေးနွေးပွဲကိုပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ 

 

 

Related News