မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ အ.ထ.က(၁) မှာ ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် (ဒုတိယနေ့) ကို နိုဝင်ဘာ ၁၁ ရက်က မှာတော့  မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနဲ့ တာဝန်ရှိသူတို့ တက်ရောက် ခဲ့ကြပါတယ်။အ.ထ.က (၁) ကျောင်း၊ ရာပြည့်ခန်းမတွင် ကျိုက်ထိုမြို့နယ် အတွင်းရှိ အခြေခံ ပညာကျောင်းတွေမှ ကျောင်းသား၊ ကျောင်းသူလေးများရဲ့ တေးသီချင်းများ၊ အကအလှနှင့် တေးသရုပ်ဖော် သီဆိုဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးကာ ကလေးစာပေပွဲတော် (ကျိုက်ထို) အောင်မြင်စွာ ကျင်းပနိုင်ရေး အလှူငွေများ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။ ကလေးစာပေပွဲတော်ကို နိုဝင်ဘာလ ၁၀ ရက်ကစတင်ကာ  နှစ်ရက်ကြာ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စာပေဆွေးနွေးပွဲများ၊ တိုင်းရင်းသား ယဉ်ကျေးမှုပြခန်းများ၊ အခြေခံပညာ ကျောင်းပြခန်းများ၊ စာအုပ်ပြခန်း၊ ကလေးစာဖတ်ခန်း၊ ကဗျာရွတ်ဆို၊ ဆေးရောင်ခြယ်၊ ပုံပြော၊ ကျပန်းစကားပြော၊ ကာတွန်း၊ ပန်းချီ၊ အရုပ်ဆက်ပြိုင်ပွဲများ၊ ပျော်ရွှင်စရာ ကလေးတို့ကမာ်္ဘ အစီအစဉ် ဂိမ်းကစားနည်းမျိုးစုံနဲ့ အတူ စာအုပ်အရောင်းဆိုင် ခန်းပေါင်း ၄၀ ကျော်ခန့်ကိုပြသခဲ့တာဖြစ်ပါတယ်။

 

 

Related News