Maritime Conference Myanmar 2018 ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံရေကြောင်း အတတ်ပညာရှင်များအသင်းတို့ ပူးပေါင်းပြီး နိုဝင်ဘာလ(၁၅)ရက်က Rose Garden Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံရေကြောင်းအတတ်ပညာရှင်များအသင်းက ဒီညီလာခံကို ပြုလုပ်ရတာကတော့ သဘောင်္သားတွေအနေနဲ့ ပြောင်းလဲလာတဲ့နည်းပညာတွေကိုသင်ကြားဖို့၊ ပြည်တွင်းအလုပ်အကိုင်တွေနဲ့ပြည်တွင်းက သဘောင်္လုပ်ငန်းတွေမှာ အရည်အသွေးပိုကောင်းပြီးအာမခံချက်ရှိတဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေလုပ်ဆောင်နိုင်ဖို့အတွက် ဖြစ်တယ်လို့ မြန်မာနိုင်ငံရေကြောင်းအတက်ပညာရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌကပြောပါတယ်။

လက်ရှိမှာ သဘောင်္သားဈေးကွက်အခြေအနေသိပ်မကောင်းတော့တာကြောင့် သဘောင်္သားတွေအနေနဲ့ အရည်အချင်းတွေ၊ အရည်အသွေးတွေရှိဖို့အတွက် အခုလိုညီလာခံတွေလိုအပ်တယ်လို့ Uniteam Marine Co.,Ltd မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။Maritime Conference Myanmar 2018 ကို နိုဝင်ဘာလ(၁၅)ရက်နဲ့ (၁၆)ရက် (၂)ရက်ပြုလုပ်သွားမှာဖြစ်ပြီး ဒီညီလာခံကနေရေကြောင်းစီးပွားရေးနဲ့ သဘောင်္သားတွေအတွက်ရှေ့ဆက်လုပ်ရမယ့် နည်းလမ်းတွေပေါ် ထွက်လာမယ်လို့သိရပါတယ်။ မြန်မာနိုင်ငံရေကြောင်းအတတ်ပညာရှင်များအသင်းကို ၂၀၁၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ အသင်းသား (၂၃၀)ရှိတယ်လို့ သိရပါတယ်။

 

 

Related News