Standard Chartered ဘဏ်နဲ့ ဗြိတိသျှကောင်စီတို့ပူးပေါင်းပြီး အသေးစား၊အငယ်စား၊နဲ့ အလတ်စား ၊လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာပညာရပ်ကို ဒီဇင်လာအတွင်းမှာ (၃)ရက်ကြာအခမဲ့သင်ကြားပေးသွားမှာ ဖြစ်တယ်လို့ နိုဝင်ဘာလ(၁၆)ရက်က ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ အမှတ်(၆၂) ဗြိတိသျှသံအမတ်ကြီး နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ E4E အစီအစဉ်ကသိရပါတယ်။  ဒီပညာရေးအစီအစဉ်မှာ စီးပွားရေးလုပ်ငန်းရှင်များက  မိမိတို့တာဝန်ယူဆောင်ရွက်နေတဲ့  ကုမ္ပဏီလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ အောင်စီမံခန့်ခွဲနိင်ရေး၊ ဘဏ္ဍာရေးနဲ့ စီးပွားရေးအသိပညာဆိုင်ရာများကို ပိုမိုနက်ရှိုင်းစွာ နားလည်တတ်ကျွမ်းလာစေရေး၊ သင်တန်းတက်ပြီးတဲ့ နောက် လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုများတိုးမြင့်လာစေရေးနဲ့ စီးပွားရေးလုပ်ငန်းများတိုး တက်မှုရှိလာစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

အခုလို (၃)ရက်ကြာအခမဲ့ သင်ကြားပေးသွားမယ့်ပညာရေးအစီအစဉ်မှာတော့ ငွေကြေးလည်ပတ်မှုကိုစီမံခြင်း၊ ရသုံးမှန်းခြေတွက်ချက်ခြင်း၊ စာရင်းအင်းပညာနဲ့ စီးပွားရေးစီမံကိန်းများ ရေးဆွဲခြင်း၊ အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေးကော်ပိုရေးရှင်းရဲ့ သုသေတနပြုချက်အရ စီးပွားရေးပညာရပ်မှာ ပါဝင်တဲ့ ငွေကြေးဆုံးရှုံးနစ်နာမှုများထိန်းချုပ်ခြင်း၊ အာမခံနှင့် ငွေစာရင်းဆိုင်ရာ လုပ်ငန်းများကို နားလည်ခြင်းစတဲ့ ပညာရပ်တွေကိုသင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။(E4E) ပညာရေးအစီအစဉ်ကို (၂၀၁၄)ခုနှစ်ကစတင်ခဲ့တာဖြစ်ပြီး မန္တလေး၊ မော်လမြိုင်၊တောင်ကြီး၊ မုံရွာ၊ ပဲခူး၊ ပုသိမ်၊ ကျိုင်းတုံ၊ ပခုက္ကူ၊ မကွေး၊ ဖျာပုံ၊ ပြည်၊ရန်ကုန်၊ နဲ့ ထားဝယ်မြို့တို့မှာ အသေးစား၊အလတ်စား၊ လုပ်ငန်းပေါင်း(၁၆၀၀)ကျော်ကို သင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး မန္တလေး၊ မြစ်ကြီးနား၊ နဲ့ ဘားအံမြို့တို့မှာ လည်း သင်ကြားပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

 

 

Related News