ပြည်ပဆန်တင်ပို့မှုအနေနဲ့ မူဆယ်မှတစ်ဆင့်နယ်စပ်ကုန်သွယ်မှုမှာတော့ ဈေးရရှိမှုနည်းတာကြောင့် ပို့ဆောင်မှုအနည်းငယ်သာရှိပြီး လက်ရှိအချိန်မှာ ပင်လယ်ရေကြောင်းမှတစ်ဆင့်  အများဆုံးတင်ပို့နေရတယ်လို့ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်က သိရပါတယ်။ နိုဝင်ဘာလကိုရောက်ချိန်မှာ ဆန်တွကစိုထိုင်းမှုမရှိတော့ဘဲ အရည်အသွေးကောင်းလာတာကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ (၂၅)မတ် ဆန်အ၀ယ်များသလို (၁၅)မတ်ဆန်ကလည်း အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီဆန်တွေကို ပင်လယ်ရေကြောင်းမှတစ်ဆင့်ပို့နိုင်ဖို့ ၀ယ်ယူကြသလို ဆန်အရည်အသွေးကြိုက်လို့ ၀ယ်ယူစုဆောင်းသူတွေလဲရှိတာကြောင့် အရောင်းအ၀ယ်ကောင်းနေတယ်လို့ သိရပါတယ်။ မူဆယ်မှတစ်ဆင့်နယ်စပ်ကုန်သွယ်မှုမှာတော့ ဈေးရရှိမှုနည်းတာကြောင့် ပို့ဆောင်မှုအနည်းငယ်သာရှိပြီး နယ်စုံကဆန်တွေ ရန်ကုန်ကိုပိုလာပြီး ဒီနှစ်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ အရင်နှစ်တွေထက် အရောင်းအ၀ယ်ပိုဖြစ်တယ်လို့ ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက ပြောပါတယ်။လက်ရှိဘုရင့်နောင်ကုန်စည်ဒိုင်မှာ တစ်နေ့ကို ဆန်အိတ်(၈)သောင်း ကနေ(၁)သိန်းထိဝင်ပြီး အရောင်းအ၀ယ်ပြုလုပ်နေတာလို့သိရပါတယ်။

ပင်လယ်ရေကြောင်းပို့ဆောင်မှုအတွက် ၀ယ်ယူကြသလို ဂိုထောင်တွေမှာစုဆောင်းဖို့အတွက်လည်း ၀ယ်ယူကြတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့အောက်တိုဘာမှာတော့ ဆန်မှာစိုထိုင်းဆတွေရှိခဲ့တာကြောင့် အရောင်းအ၀ယ်အေးခဲ့ပေမယ့် ဒီလမှာတော့ သိသိသာသာအရောင်းအ၀ယ်ပိုဖြစ်လာတယ်လို့ ဆန်အကျိုးဆောင် ဒေါ်မြမြဌေးကပြောပါတယ်။လက်ရှိဘုရင့်နောင်ကုန်စည်ဒိုင်မှာ (၁၅)မတ်ဆန်တစ်အိတ်ကိုငွေကျပ် (၂၀၂၀၀)မှ(၂၀၅၀၀)ကြား၊ (၂၅)မတ်ဆန်တစ်အိတ်ကို ငွေကျပ်(၁၉၅၀၀)မှ (၁၉၇၀၀)ကြားပေါက်ဈေးရှိနေတယ်လို့သိရပါတယ်။

 

 

Related News