အိမ်မွေးတိရစ္ဆာန်လို့ဆိုလိုက်တာနဲ့ လူတိုင်းသိကြတာကတော့ ခွေး၊ ကြောင်၊ ယုန်၊ ငှက် အစရှိတဲ့ တိရစ္ဆာန်တွေကိုပဲသိကြမှာပါ။ နောက်ပိုင်း မှာတော့ ခွေး၊ကြောင်တွေထက် တွားသွားသတ္တ၀ါ များနှင့် အင်းဆက်တွေကို မွေးမြူလာကြတာဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ် အစပိုင်းကစပြီး ပြည်တွင်းမှာ အိမ်မွေးတိရစ္ဆာန်တွေအဖြစ် တွားသွားသတ္တ၀ါနဲ့ အင်းဆက် ဆိုတဲ့ (ပင့်ကူ)တွေကို အင်တာနက် က ရှာပြီး မွေးမြူလာကြ တာဖြစ်ပါတယ်။ဒီအိမ်မွေးတိရစ္ဆာန်တွေအဖြစ်မွေးမြူတဲ့ တွားသွားသတ္တ၀ါတွေကတော့ မြွေ၊ ဖား၊ ပုတ်သင်ညို၊ တောက်တဲ့၊ ကင်မီးကောက်စတဲ့ တိရစ္ဆာန်တွေကို မွေးမြူလာကြတာဖြစ်ပါတယ်။

ဒီလိုတွားသွားသတ္တ၀ါတွေကို မွေးမြူရတာ ၀ါသနာပါတဲ့ ကိုအောင်ခန့်ဇော်က သူ့အိမ်မှာ beardedGragon လိုခေါ်တဲ့ တွားသွားသတ္တ၀ါလေးတွေနဲ့ တခြားသွေးအေးတွားသွားသတ္တ၀ါတွေကို မွေးမြူထားတာဖြစ်ပါတယ်။ သူမွေးမြူထားတဲ့ တွားသွား သတ္တ၀ါတွေကို အစာကျွေးရာမှာ တစ်ကောင်နဲ့တစ်ကောင် တူညီမှုတော့မရှိပါဘူး ။တစ်ချို့တိရစ္ဆာန်လေးတွေက အသားစားတဲ့ တိရစ္ဆာန် လေးတွေဖြစ်ပြီး တစ်ချို့ တိရစ္ဆာန်လေးတွေကတော့ အသီးအရွက်စားတဲ့ အကောင် လေးတွေဖြစ်ပါတယ်။ အခုလို အိမ်မွေးတိရစ္ဆာန် လေးဖြစ်တဲ့ တွားသွားသတ္တ၀ါလေးတွေကို  ကိုအောင်ခန့်ဇော်က အင်တာနက်က နေရှာ ဖွေပြီး မွေးမြူထားတာဖြစ်ပြီး မွေးမြူရုံသာမက သူတို့လေးတွေရဲ့ ကျန်းမာရေး၊အပြုအမှု၊လှုပ်ရှားမှုတွေကိုပါ လေ့လာခဲ့တာဖြစ်တယ်လို့ ကိုအောင်ခန့်ဇော်က ပြောပါတယ်။

အိမ်မွေး တိရစ္ဆာန်ကတော့ စပါးအုံး မြွေအမျိုးအစားထဲက စပါးအုံးအသေးစားမြွေဘဲဖြစ်ပါတယ်။ သူက အိမ်မွေးတိရစ္ဆာန် မွေးရာမှာ တစ်ခြားလူတွေလို ဖား၊ပုတ်သင်ညိုတွေကိုမမွေးဘဲ စပါးအုံမြွေအမျိုးအစားမွေးဖြစ်ပုံက-မြွေတွေကို မွေးမြူထားတဲ့ ကိုဟိန်းတေဇရဲ့မိခင်ကတော့ အရင်က မြွေကို အိမ်မွေးတိရစ္ဆာန်အဖြစ်မွေးမြူရာမှာ အန္တရာယ်ရှိနိုင်ပြီး စိုးရိမ်စိတ် ရှိခဲ့တာကြောင့် ခွင့်မပြုခဲ့ပေမယ့် အခုချိန်မှာတော့  ခွင့်ပြုခဲ့တယ်လို့ ပြောပါတယ်။လူတိုင်းမွေးကြတဲ့ အိမ်မွေးတိရစ္ဆာန်ဖြစ်တဲ့ ခွေး၊ကြောင်၊တို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စောင့်ရှောက်မှုပေးနိုင်တဲ့ တိရစ္ဆာန်ဆေးကုခန်း တွေ ရှိပေမယ့် အခုနောက်ပိုင်းမှာမွေးလာတဲ့ တွားသွားသတ္တ၀ါလေးတွေကတော့  အစာနဲ့ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေ ရှိတယ်လို့ တွားသွားသတ္တ၀ါတွေကိုမွေးမြူထားတဲ့ ပိုင်ရှင်တွေကပြောပါတယ်။ 

 

 

Related News