ပန်းချီဆရာအောင်ထက်လွင်ရဲ့ (၅)ကြိမ်မြောက်တစ်ကိုယ်တော်ပန်းချီပြပွဲကို အောက်တိုဘာလ(၁၅)ရက်ကနေ (၁၉)ရက်အထိ ရန်ကုန်မြို့၊  43 Art Gallery မှာပြသခဲ့ပါတယ်။ ပြပွဲမှာပြထားတဲ့ပန်းချီကား အားလုံးကို ရေဆေးတစ်မျိုးနဲ့သာ ရေးဆွဲထားတာဖြစ်ပြီး ဘုရားစေတီတော်ပုံ ၊ ဘုန်းကြီးကျောင်းပုံ ၊ ရန်ကုန်မြို့ရဲ့အထင်ကရပုံ ၊  ဗိုလ်တစ်ထောင် ကမ်းနားလမ်းပုံ ၊ မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ပုံ ၊ ကန်တော်ကြီး ရူခင်းပုံ ၊ လသာညဈေးပုံနှင့်ဈေးပုံစတဲ့ ပန်းချီကား(၅၀)ကို ပြသထားတာဖြစ်ပါတယ်။ပြပွဲမှာ ပြသထားတဲ့ ပန်းချီကားတွေရဲ့ ဈေးနှုန်းကိုတော့ အနည်းဆုံး အမေရိကန်ဒေါ်လာ(၅၀)မှ အများဆုံး အမေရိကန်ဒေါ်လာ(၁၂၀၀)ထိ သတ်မှတ်ရောင်းချနေတာလည်းဖြစ်ပါတယ်။ပန်းချီဆရာအောင်ထက်လွင် အနေနဲ့ သူရေးဆွဲခဲ့တဲ့ ပန်းချီကားတွေကို တစ်စုတစည်းထဲပြသလိုတာကြောင့် အခုလို တစ်ကိုယ်တော် ပန်းချီပြပွဲကို ပြသဖြစ်တာလို့ သိရပါတယ်။ပန်းချီဆရာအောင်ထက်လွင်ဟာ (2013-2014)ခုနှစ်ကတည်းက ပန်းချီလောကထဲကို စတင်ဝင်ရောက်လာ တာဖြစ်ပါတယ်။ ပန်းချီဆရာအောင်ထက်လွင်အနေနဲ့ ပန်းချီလောကထဲ စတင်ဝင်ရောက်စဉ်ကတည်းက ယခုအချိန်ထိ သူရဲ့ ပန်းချီကားတွေကို ပြည်တွင်းမှာသာမကဘဲ ထိုင်း ၊ နီပေါ၊ ဟောင်ကောင် ၊ မက္ကစီကို ၊ ဗီယမ်နမ် ၊အိန္နိယနဲ့  ကိုရီးယားနိုင်ငံတို့မှာပါ သွားရောက်ပြသခဲ့ဖူးတယ်လို့သိရပါတယ်။

 

 

Related News