ဗီယက်နမ်ပို့ကုန်ပြပွဲကို လာမယ့် ဒီဇင်ဘာလ (၁၃)ရက်ကနေ(၁၆)ရက်အထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ ဒီဇင်ဘာလ(၅)ရက်က ရန်ကုန်မြို့Melia ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ အကြိုသတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ပြပွဲကိုတော့ ဗီယက်နမ်ကုန်သွယ်မှုမြင့်တင်ရေးအေဂျင်စီ/ဗီယက်နမ်စက်မှုလုပ်ငန်းကုန်သွယ်မှုဝန်ကြီးဌာနမှ မြန်မာနိုင်ငံ ဗီယက်နမ်သံရုံးနဲ့ မြန်မာနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းကျင်းပမှာဖြစ်ပါတယ်။ဗီယက်နမ်ပို့ကုန်ပြပွဲကို မြန်မာနိုင်ငံနဲ့ဗီယက်နမ် (၂)နိုင်ငံကြား ကုန်သွယ်မှုမြင့်တက်လာစေရန်၊ နှစ်နိုင်ငံ စီးပွားရေးမြှင့်တင်လာစေရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု မြှင့်တက်လာစေရန်စတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

ပြပွဲမှာ ဗီယက်နမ်နိုင်ငံထုတ်ကုန်တွေဖြစ်တဲ့ အစားအစာနဲ့ အဖျော်ယမကာများ၊ လူသုံးကုန်ပစ္စည်းများ၊ စက်ပစ္စည်းနဲ့ကိရိယာပစ္စည်းများ၊ဆေးပစ္စည်းအမျိုးမျိုးတို့ကို ပြသမှာဖြစ်ပြီး ပြခန်းပေါင်း (၁၂၀)ကျော် ၀င်ရောက်ပြသမှာ ဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းမှာ ဗီယက်နမ်နိုင်ငံမှ  ကုန်စည်ပြပွဲတွေကို (၂၀၀၃) ခုနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး (၂၀၀၅)ခုနှစ်မှ(၂၀၀၈)ခုနှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် မလုပ်ဖြစ်ခဲ့ပေမယ့် (၂၀၀၉)ခုနှစ်မှာ ပြန်လည်ပြီး ကုန်စည်ပြပွဲတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။ဗီယက်နမ်ပို့ကုန်ပြပွဲကို လာမည့် ဒီဇင်ဘာလ(၁၃)ရက်မှ (၁၆)ရက်အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းမှာရှိတဲ့ တပ်မတော်ခန်းမမှာ ပြုလုပ်သွားမှာဖြစ်တယ် လို့သိရပါတယ်။ ဖြိုးလဲ့ရည်ဝင်းက ပေးပို့ထားတာဖြစ်ပါတယ်။

 

 

Related News