ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်ရွှေသင်္ကန်းကပ်လှူမှုကို ယခုနှစ်ဖေဖော်ဝါရီလကုန်ပိုင်းမှာ အပြီးသတ် ကပ်လှူသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ဗိုလ်တထောင် ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မှာ ရွှေသင်္ကန်းကပ်လှူမှုကို (၂၀၁၈)ခုနှစ်ဇန်န၀ါရီလကစပြီး ငှက်ပျောဖူး တော်ကို ရွှေစင်ရွှေပြား(၆၀၀)ကျော်၊ သပိတ်မှောက်နဲ့ ပန်းဆွဲတွေကို ရွှေစင်၊ ရွှေပြား(၇၀၀)ကျော်ကို ကပ်လှူပူဇော်ခဲ့ပြီးဖြစ်တယ် လို့သိရပါတယ်။ လက်ရှိမှာစေတီတော်ရဲ့ ခေါင်းလောင်းတော်ကို ရွှေစင်၊ရွှေပြားများ ကပ်လှူနိုင်ဖို့အတွက် စေတီတော်ရဲ့ အလှူခံရ တဲ့ ငွေများနဲ့  ရွှေစင်၊ရွှေသား(၁၀)ပိသာာကို မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းထံမှ ၀ယ်ယူပြီး ဖြစ်တယ်လို့ သိရပါတယ်။ဒါ့အပြင်မျက်ပါးရွှေများကပ်လှူပူဇော်နိုင်ဖို့အတွက် ပန်းရထားများစီစဉ်ပေးထားတယ်လို့သိရပါတယ်။ (၂၀၁၉)ခုနှစ်မှာတော့  ဖောင်းရစ်နဲ့ ကြေးဝင်းတို့မှာ မျက်ပါးရွှေများ ကပ်လှူပူဇော်နိုင်ခဲ့ပြီး လက်ရှိမှာပစ္စယံတွေကိုလည်း မျက်ပါးရွှေတွေကပ်လှူ ပူဇော်နေပြီလို့ သိရပါတယ်။ ရွှေမှိုက်ချွတ်များကိုလေလံပြန်လည်ရောင်းချမှုမှ ငွေကျပ်သိန်း(၇၀၀)ရရှိခဲ့ပြီး ဒီငွေတွေကို ရွှေသင်္ကန်းများပြန်လည်ကပ်လှူမှုမှာ အသုံးပြု နေတယ်လို့ သိရပါတယ်။ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်ရဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့်ကိုလည်း ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့မှာအသစ် လဲလှယ်ကပ်လှူပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

 

Related News