ရန်ကုန်မှာ နောက်ဆုံး စွန့်ပစ်အမှိုက်ပုံ (၂)ခု ရှိပါတယ်။ ဒီအမှိုက်ပုံတွေက ထိန်ပင် နဲ့ ထားဝယ်ချောင်ဆိုတဲ့ အမှိုက်ပုံတွေပဲဖြစ်ပါတယ်။ဒီအမှိုက်ပုံတွေမှာ စွန့်ပစ်လာတဲ့ အမှိုက်တွေကိုတော့  မြေကျင်းတူးပြီး အမှိုက်များဖြည့်တဲ့ စနစ်ကို အသုံးပြုပြီး စွန့်ပစ်တာပါ။ဒီအမှိုက်ပုံထဲမှာ ဆွေးမြေ့ဖို့မလွယ်ဘဲ မြေမြှုပ်၍လည်းမရ၊ မီးရှို့ ၍လည်း မရတဲ့ အမှိုက်ကတော့ ပလတ်စတစ်၊ဖော့ဘူးနဲ့ ဆက်စပ်ပစ္စည်းပဲဖြစ်ပါတယ်။ ဒီလို ဆွေးမြေ့မလွယ်တဲ့  ပလတ်စတစ်၊ဖော့ဘူးနဲ့ ဆက်စပ်ပစ္စည်းတွေကို ပြည်သူတွေက လွယ်ကူစွာအသုံးပြုနေကြပါတယ်။ဒါ့ကြောင့် ပလတ်စတစ် အန္တရာယ်၊နဲ့ ပလတ်စတစ် နေရာမှာ ဘာတွေနဲ့အစားထိုးသုံးစွဲမလဲဆိုတာကတော့-----ပလက်စတစ်များအသုံးပြုခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့အပြင် အဆုံးမရှိတဲ့ ပင်လယ်သမုဒ္ဒရာထဲကို  ပလတ်စတစ်များစွန့်ပစ်မှုကြောင့် ရေထုညစ်ညမ်းမှုကိုဖြစ်စေသလို ရေနေသတ္တ၀ါများသေဆုံးခြင်းတွေလည်း ဖြစ်စေပါတယ်။ဒါ့အပြင် လူသားတွေအနေနဲ့ အစားအစာတွေကို ပလက်စတစ်ထဲထည့်ပြီးအသုံးပြုခြင်းဟာလည်း လူသားတွေရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တာပါ။အခုလို ပလတ်စတစ် အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ကျန်းမာရေးဆိုးကျိုးတွေကတော့ အစာအိမ်ကင်ဆာ၊အူမကြီးကင်ဆာ၊ ရင်သားကင်ဆာ၊ အစရှိတဲ့ ကင်ဆာရောဂါတွေကို ဖြစ်ပေါ်စေတယ်လို့ အောင်ရတနာဆေးရုံအုပ် ဒေါက်တာဝင်းထွန်းက အခုလိုပြောထားပါတယ်။ဒီလိုသဘာဝပတ်ဝန်းကျင်ကို အန္တရာယ်များစွာပေးနိုင်တဲ့ ပလတ်စတစ်တွေကို ပထမအဆင့်အနေနဲ့ သုံးစွဲမှုလျှော့ချခြင်းနဲ့ စွန့်ပစ်အမှိုက်အဖြစ် အလေအလွင့်မဖြစ်သွားအောင် ပြန်လည်ပြုပြင်အသုံးပြုခြင်းတွေ ပြုလုပ်နေကြတာဖြစ်ပါတယ်။သဘာဝပတ်ဝန်းကျင်သာယာလှပစေဖို့ ပလက်စတစ် အစား ကိုယ်ပိုင်အိတ်၊ ခြင်းတောင်း၊ ချိုင့်စတာတွေကို အစားထိုးအသုံး ပြုခြင်းကလည်း ပလတ်စတစ်လျှော့ချတဲ့နေရာမှာ အသုံးဝင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်လို့ ကျွန်မတို့ ပြည်သူတွေအားလုံးကပါဝင်ကြဖို့မေတ္တာရပ်ခံလိုက်ရပါတယ်။

 

 

Related News