CarsDB ကကြီးမှူးကျင်းပတဲ့ မော်တော်ယာဉ်အရောင်းပြပွဲကြီးကို ဇန်န၀ါရီလ(၁၉)ရက်ကနေ (၂၁)ရက်အထိ ရန်ကုန်မြို့ Thr One Entertainment Park မှာပြုလုပ်နေတာဖြစ်ပါတယ်။ ယမင်းအဉ္ဇလီက ဆက်လက်တင်ဆက်ပေးပါမယ်။ကားထုတ်လုပ်သူများ၊ ဖြန့်ဖြူးရောင်းချသူများ၊ ကားနဲ့ဆက်စပ်တဲ့ လုပ်ငန်းများ၊ မော်တော်ယာဉ် အရစ်ကျဝယ်ယူနိုင်တဲ့ ဘဏ်နဲ့ အာမခံ လုပ်ငန်းတွေမှတဆင့် ဈေးကွက်အတွင်းမှာရှိတဲ့ကားသစ်၊ တပတ်ရစ်ကားနဲ့မော်တော်ယာဉ်နဲ့သက်ဆိုင်တဲ့ ၀န်ဆောင်မှု အမျိုးမျိုးကို ပြည်သူတွေတစ်နေရာတည်းမှာ စိတ်ကြိုက်ဝယ်ယူနိုင်ဖို့အတွက် မော်တော်ယာဉ်အရောင်းပြပွဲကို ရည်ရွယ်ပြုလုပ်တာလို့သိရပါတယ်။ အဆိုပါပြပွဲမှာ  မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ နာမည်ကြီး ကားကုမ္ပဏီ(၁၆)ခုက ပါဝင်ပြသထားတာဖြစ်ပြီး တစ်ပတ်ရစ်ကားများ၊ မော်တော်ယာဉ်အပို ပစ္စည်းရောင်းချနိုင်တဲ့ ဆိုင်များ၊ မော်တော်ယာဉ်နဲ့ ဆက်စပ်တဲ့ ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေလည်း ပါဝင်ပြသနေတာဖြစ်ပါတယ်။

အဆိုပါပွဲမှာ ကားဝယ်ယူသူတွေအနေနဲ့Brand New ကားအမျိုးမျိုးနဲ့ တပတ်ရစ်ကားတွေကို ဧရာဝတီဘဏ်က AYA Auto Lone ဖြင့် ချိတ်ဆက်ဝယ်ယူပါက Promotion အနေဖြင့် ကားတန်ဖိုးရဲ့ Dowm Payment (၂၀)ရာခိုင်နှုန်း သာပေးရမှာဖြစ်ပြီး အများဆုံး (၅)နှစ်အထိ အရစ်ကျဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။ ဧရာဝတီဘဏ်နဲ့ချိတ်ဆက်ဝယ်ယူနိုင်ဖို့အတွက် အရစ်ကျဝယ်ယူမယ့်သူရဲ့ အလုပ်အကိုင်၊ ၀င်ငွေအပေါ်မူတည်ပြီး ချေးငွေကို ထုတ်ချေးပေးမှာဖြစ်ပြီး ၀င်ငွေပုံမှန်ရရှိတဲ့ အထောက်အထားပြနိုင်ဖို့ လိုအပ်တယ်လို့သိရပါတယ်။(၂၀၁၈)ခုနှစ် နောက်ပိုင်းမှာတော့ Suzuki၊ Ford ၊ Nissan  စတဲ့ brand တွေကိုလူကြိုက်များလာပြီါ် ရောင်းအားကောင်းလာတယ်လို့ သိရပါတယ်။ အဆိုပါကားပြပွဲမှာ ကားသစ်များကို ပြသမှုတွေအပြင်စမ်းသပ်မောင်းနှင်ခွင့်တွေလည်း ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ 


 

Related News