ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် (၃)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ဖေဖော်ဝါရီလ (၁၀)ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရဲ့ မင်္ဂလာခန်းမမှာပြုလုပ်သွားခဲ့ပါတယ်။ အခမ်းအနားကို လွှတ်တော်(၃)နှစ်မြောက် သီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ (၃) နှစ်တိတိ စွမ်းဆောင်လာခဲ့တဲ့ အကြောင်းအရာတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို ကျင်းပရခြင်းဖြစ်တယ်လို့သိရပါတယ်။ နှစ်ပတ်လည် အခမ်းအနားမှာ ဌာနဆိုင်ရာတွေကိုလည်းဖိတ်ကြားထားတာဖြစ်ပြီး ဌာနဆိုင်ရာတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ညှိနှိုင်းတိုင်ပင်လုပ်ဆောင်ခဲ့ကြတဲ့ အတွက်လုပ်ငန်းတွေလည်း ပိုမိုအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နောက်ထပ်လည်း ပြည်သူတွေအတွက် လိုအပ်နေတဲ့ လမ်း၊ တံတား၊ မီးတွေကို မြို့တော်ရဲ့ လိုအပ်တဲ့နေရာတွေကိုလည်း လုပ်ဆောင်သွားဖို့ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက အခုလိုပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကို ပြီးခဲ့တဲ့ (၂၀၁၀)ခုနှစ်က စတင်ကာ လွှတ်တော်(၃)ရပ်ကို အစည်းအဝေးတွေပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး  ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ဆိုပြီး ဖွဲ့စည်းဆောင်ရွက်နိုင်ခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဖြစ်ပေါ်လာပုံကို အခမ်းအနားမှာမိန့်ခွန်းပြောကြားခဲ့ပါတယ်။
အခမ်းအနားမှာ လွှတ်တော်ဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲအတွက် ဆုချီမြှင့်ခြင်း၊ တေးဂီတ၊ အကပဒေသာတွေနဲ့ ဖျော်ဖြေတင်ဆက်ခြင်းတွေအပြင် အမှတ်တရ ဂုတ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး အခမ်းအနားကိုရုပ်သိမ်းခဲ့ပါတယ်။ 

 

Related News