Hand Made ဆပ်ပြာတွေကို အွန်လိုင်းကနေသာ မှာယူမှုတွေများပြားနေတာကြောင့်အွန်းလိုင်းကနေသာ အဓိကထား ရောင်းချနေရတယ်လို့ သိရပါတယ်။ Hand Made ဆပ်ပြာတွေကို ကိုယ်တိုင်ထုတ်လုပ်ရောင်းချနေတဲ့ မသီတာအေးအနေနဲ့ ထိုင်းနိုင်ငံမှာ Hand Made ဆပ်ပြာပြုလုပ်နည်းတွေကိုသင်ကြားခဲ့တာဖြစ်ပြီး လက်ရှိမှာ ဆပ်ပြာများကိုကိုယ်တိုင်ပြုလုပ်ရောင်းချနေတယ်လို့ သိရပါတယ်။ 
Hand Made ဆပ်ပြာပြုလုပ်ရာမှာ ဓာတုပစ္စည်းတွေကို လျော့ချထုတ်လုပ်ထားတာဖြစ်ပြီး ဆိုဒီယမ်ဟိုက်ဒရောဆိုက်၊ဆပ်ပြာပြုလုပ်ရာမှာ အသုံးပြုတဲ့ဆီတွေကို အဓိကထားအသုံးပြုတာဖြစ်တယ်လို့သိရပါတယ်။ပေါင်းစပ်ပစ္စည်းတွေအဖြစ် ၀ါးမီးသွေး၊ပျားရည်၊သကြား၊လက်ဖက်၊မုန်လာဥနီ အစရှိတဲ့ သဘာဝပစ္စည်းတွေကိုသာ အများဆုံးအသုံးပြုပြီး ထုတ်လုပ်တာဖြစ်တယ်လို့သိရပါတယ်။Hand Made ဆပ်ပြာတွေကိုရောင်းချရမှာလည်း အွန်လိုင်းဈေးကွက်ကိုသာ အဓိကအားထားနေရတယ်လို့သိရပါတယ်။ 

Hand Made ဆပ်ပြာတွေဟာ အနည်းဆုံးငွေကျပ် (၁၅၀၀)မှ သောင်းဂဏန်းထိရှိတာကြောင့် တခြားဆပ်ပြာဈေးနှုန်းတွေနဲ့နှိုင်းယှဉ်ရင် ဈေးနှုန်းကွာခြားမှုတွေရှိနေတယ်လို့သိရပါတယ်။ဒါ့ကြောင့် ၀ယ်ယူလိုသူတွေအနေနဲ့ ယှဉ်ပြိုင်ရွေးချယ်ရာမှာ ဈေးနှုန်းသက်သာမှုရှိတဲ့ ဆပ်ပြာတွေကိုသာပိုမိုအသုံးပြုမှုပိုများတယ်လို့သိရပါတယ်။အခုနောက်ပိုင်းမှာ အခုလို Hand Made ဆပ်ပြာတွေကို ပြုလုပ်ရောင်းချသူတွေပိုမိုများပြားလာပေမယ့် ပြည်တွင်းဈေးကွက်မှာထိုးဖောက်နိုင်မှု အားနည်းတာကြောင့် ရပ်နားသွားသူတွေလည်းရှိတယ်လို့သိရပါတယ်။Hand Made ဆပ်ပြာတွေကို ကိုယ်တိုက်ဆပ်ပြာအဖြစ်ထုတ်လုပ်လာကြသလို မျက်နှာသစ်ဆပ်ပြာအဖြစ်လည်းထုတ်လုပ်ကြတယ်လို့သိရပါတယ်။ အခုနောက်ပိုင်းမှာ ဆပ်ပြာပြုလုပ်နည်းသင်တန်းတွေကို ပရဟိတပြုလုပ်တဲ့ အဖွဲ့တွေကလည်း လိုက်လံသင်ကြားပေးနေတာတွေလည်းရှိနေတယ်လို့သိရပါတယ်။


 

Related News