ရန်ကုန်မြို့ မြစ်ကမ်းဘေးအိမ်ရာစီမံကိန်း(Emerald Bay Project) မိတ်ဆက်ပွဲအခမ်းအနားကိုဖေဖော်ဝါရီလ (၂၁)ရက်က မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း (MRCCI)ခန်းမမှာပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ မြစ်ကမ်းဘေးအိမ်ရာစီမံကိန်း(Emerald Bay Project)ကို Singapore Golden Paragon Investment Co.,Ltd နဲ့ တက်လမ်းကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်တာဖြစ်တယ်လို့သိရပါတယ်။ Emerald Bay Project မှာ City Mart, Shooping Mall, Car Parking, ပန်းခြံ၊ အားကစားကွင်းတွေနဲ့ကျောင်းတွေပါဝင်မှာဖြစ်ပြီးအနာ ဂတ်လူနေမှုပုံစံအတွက် ရည်ရွယ်တယ်လို့ သိရပါတယ်။  ဒီပရောဂျက်ကိုမန္တလေးမှာနေထိုင်သူတွေလည်းသိရှိအောင်လာရောက်မိတ်ဆက်ပေးတာဖြစ်တယ်လို့ Yangon Golden Paragon Investment Co.,Ltd မှ တာဝန်ရှိသူကပြောပါတယ်။

ဒီမြစ်ကမ်းဘေးအိမ်ရာစီမံကိန်းက ပဲခူးမြစ်၊ ရန်ကုန်မြစ်နဲ့ ပုဇွန်တောင်ချောင်း (၃)ခုဆုံရာ သာကေတမြို့နယ်မှာ တည်ရှိပါတယ်။ စီမံကိန်းဧရိယာက ၁၇ ဧကအကျယ်အဝန်းရှိပြီး ၃၂ထပ်ရှိတဲ့ကွန်ဒို၁၉လုံးတည်ဆောက်မှာဖြစ်ကာ ကွန်ဒိုအခန်းအနေနဲ့အခန်းပေါင်း(၅၈၀၀)ကျော်ပါဝင်မယ်လို့သိရပါတယ်။ Emerald Bay Project အတွက် အမေရိကန်ဒေါ်လာသန်း(၁၇၀)ရင်းနှီးမြှုပ်နှံထားတယ်လို့သိရပါတယ်။ စီမံကိန်းကာလပထမအဆင့်ကို(၂၀၁၈)ခုနှစ် (၁၀)လပိုင်းကစတင်တာဖြစ်ပြီး(၂၀၂၁)ခုနှစ်မှာ ပြီးစီးမယ်လို့သိရပါတယ်။မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်း(MRCCI)မှဥက္ကဋ္ဌနဲ့ တာဝန်ရှိသူ တွေ၊ လုပ်ငန်းရှင်တွေနဲ့စိတ်ပါဝင်စားသူတွေတက်ရောက်လေ့လာကြပါတယ်။ 

 

Related News