စည်သူဒေါ်မြင့်မြင့်ခင်ဟာ (၁၉၄၉)ခုနှစ်က ဗြိတိသျှဘားမားရုပ်ရှင်မှ ရိုက်ကူးတဲ့ မာယာရှင်ရုပ်ရှင်ဇာတ်ကားမှာ ဒုတိယမင်းသမီး အဖြစ် ရုပ်ရှင်လောကကို စတင်ဝင်ရောက်လာခဲ့တယ်လို့သိရပါတယ်။(၁၉၅၇)ခုနှစ်တွင် ရုပ်ရှင်ပညာသည်ဆု၊(၁၉၅၈)ခုနှစ်တွင် ရုပ်ရှင်ပညာသည်ဆု၊(၁၉၇၃)ခုနှစ်တွင် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊(၁၉၈၀)ခုနှစ်တွင် အကောင်းဆုံးအမျိုးသမီး ဇာတ်ပို့ဆု၊(၁၉၉၆)ခုနှစ်တွင် အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုတို့ကိုရရှိခဲ့တယ်လို့သိရပါတယ်။(၂၀၁၂)ခုနှစ်မှာတော့ နိုင်ငံတော်က ချီးမြှင့်တဲ့ စည်သူဘွဲ့ကိုရရှိခဲ့ပါတယ်။

ဆုပေးအပ်မှုနဲ့ အတူ ဆုရရှိတဲ့ ပညာရှင်ကို တေးသရုပ်ဖော်ဖျော်ဖြေမှုများနဲ့ ပါဂုဏ်ပြုပေးခဲ့ပါတယ်။ဒီတစ်သက်တာဆုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ရုပ်ရှင်တစ်သက်တာဆုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအပါအ၀င်ရုပ်ရှင်အနုပညာရှင်အတတ်ပညာရှင်များကို ရွေးချယ် ပေးအပ်တာဖြစ်ပြီး အသက်(၈၅)နှစ်နဲ့ အထက် ရုပ်ရှင်အနုပညာရှင်တွေထဲမှ ရွေးချယ်ပြီးပေးအပ်ခဲ့တာလို့သိရပါတယ်။ ဆုရရှိတဲ့ အနုပညာရှင်အတွက် ရွှေစင်ရွှေသား (၅)ကျပ်သားရွှေကြယ်စင်ရွှေစင်ရုပ်ထု နဲ့အတူ သက်ရှိထင်ရှားရှိစဉ်အထိ လစဉ်ငွေကျပ် ငါးသိန်းပေးအပ်သွားမှာလို့ သိရပါတယ်။

 

 

Related News