ပလတ်စတစ်အရှုပ်တော်ပုံခေါင်းစဉ်နဲ့ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို မတ်လ(၂၃) ရက်က ရန်ကုန်မြို့ (၃၅)လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်း(အထက်ဘလောက်) ရှိ အလှဆင်ထားတဲ့ နောက်ဖေးလမ်းကြားမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။လွန်ခဲ့တဲ့ (၂၅)နှစ်က ပလတ်စတစ်အသုံးပြုမှုဟာ လူတစ်ယောက်မှာ  တစ်ရက်ကို ရေသန့်ဘူး (၂)ဘူးသာ သုံးစွဲခဲ့ပြီး ယနေ့ခေတ်မှာတော့ လူတစ်ယောက်ဟာ တစ်နေ့ကို ရေသန့်ဘူး(၃)ဘူးကို နေ့စဉ်နီးပါးသုံးစွဲလာကြတယ်လို့ သိရပါတယ်။ယခင်တုန်းက ဈေးတွေမှာလည်း ကြွပ်ကြွပ်အိတ်အစား ဖက်ရွက်နဲ့ စက္ကူတွေကို သာ အသုံးပြုခဲ့ကြပြီး ယနေ့ခေတ် မှာတော့ ကြွပ်ကြွပ်အိတ်သုံးစွဲမှုက လူတစ်ယောက်ရဲ့ သက်တမ်းတစ်လျှောက်မှာ ကြွပ်ကြွပ်အိတ်သုံးစွဲမှုက တစ်သိန်း တစ်သောင်းနှစ်ထောင်နီးပါးသုံးစွဲလာကြတယ် လို့ Thant Myanmar အဖွဲ့အစည်းရဲ့ စစ်တမ်းကောက်နှုတ်ချက်အရ သိရပါတယ်။

ဒါ့ကြောင့် စွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးပြုအလှဆင်နိုင်ပြီး ပြည်သူတွေအနေနဲ့ ပလတ်စတစ်အစားထိုး သုံးစွဲနိုင်တယ် ဆိုတာကို အသိပညာမျှဝေချင်လို့ အဆိုပါပွဲကို ပြုလုပ်ဖြစ်တာလို့ Thant Myanmar ကတာဝန်ရှိသူက အခုလိုပြောပါတယ်။ပြပွဲမှာ လူတွေစွန့်ပစ်လိုက်တဲ့ ပလက်စတစ်ရေဘူး၊  ကော်ဖီမစ်အိတ်ခွံ၊ ကြွပ်ကြွပ်အိတ်တွေကို ပြန်လည်အသုံးပြုအလှဆင် ထားတာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ပလတ်စတစ်လျှော့ချသုံးစွဲဖို့အတွက် အချို့ ကုမ္ပဏီတွေအနေနဲ့ ပလတ်စတစ်အစားထိုး ပစ္စည်းတွေကို ထုတ်လုပ်လာကြပြီး လက်ရှိမှာ ရန်ကုန်မြို့တွင်းက နာမည်ကြီး ဟော်တယ်အများစု မှာပါအသုံးပြုလာကြပြီဖြစ်တယ်လို့  Zero  Plastic ကုမ္ပဏီက တာဝန်ရှိသူက အခုလိုပြောပါတယ်။ပလတ်စတစ်အရှုပ်တော်ပုံခေါင်းစဉ်နဲ့ ပလတ်စတစ်အသုံးပြုမှုလျှော့ချရေးပြပွဲနှင့်အသိပညာပေးဟောပြောပွဲကို ရန်ကုန် တာမွေ Ocean Super Centre မှာပြုလုပ်ခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။  ဒါ့အပြင် မန္တလေး၊ နေပြည်တော်စတဲ့ နေရာတွေ မှာလည်း ဆက်လက် ပြုလုပ်သွားဖို့ရှိတယ်လို့သိရပါတယ်။

 

 

Related News