မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၁၀)ပေါက်တန်းနဲ့ ဝေရောစနစေတီတော် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ်ဖလား (၆) ပေါက်တန်းဝိုင်းလုံးခြင်းလုံးခတ်ပြိုင်ပွဲကို မန္တလေးတိုင်းဝေရောစနကျောက်စိမ်းစေတီတော်ကြီးမှာ မတ်လ(၂၀)ရက်ကတည်းက ကျင်းပနေတာဖြစ်ပါတယ်။ လူသားအားလုံးကျန်းမာဖို့ ခြင်းလုံးခတ်ကစားကြစို့ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အခု ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို စတုထ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်  အထိမ်းအမှတ်အဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။ အခုရိုးရာ ဝိုင်းဖွဲ့ခြင်း လုံးခတ်ပြိုင်ပွဲကို မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူပ်က ဦးစီးကျင်းပခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတိုင်း အတာမှာ အကြီးဆုံးပွဲလည်းဖြစ်ပါတယ်။(၁၀)ပေါက်တန်းပြိုင်ပွဲမှာ မန္တလေးတိုင်းက အသင်း (၃)သင်းနဲ့ ရန်ကုန်တိုင်းက (၁)သင်း၊ (၆)ပေါက်တန်းမှာ တိုင်းနဲ့ပြည်နယ်အသီးသီးက အသင်းပေါင်း  (၂၀)ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။ခြင်းလုံးကစားနည်းက အသက်အရွယ်မရွေး  ကစားနိုင်တဲ့ ကစားနည်းဖြစ်တာကြောင့် အသက်အရွယ်ငယ်ရွယ်တဲ့ သူတွေလည်း ပါဝင်ယှဉ်ပြိုင်သလို အသက်အရွယ်ကြီးတဲ့ ကစားသမားကြီးတွေပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ဝို်င်းဖွဲ့ခြင်းလုံးခတ်ပြိုင်ပွဲကို စိတ်ဝင်စားသူများပြား ပြီး ကြည့်ရှုသူအများအပြားရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်က အခုလိုပွဲတွေကိုကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရာခြင်းလုံးကစား နည်းကို ပရိသတ်တွေနဲ့ပိုမိုရင်းနှီးစေရန်၊ ကစားသမားများအနေနဲ့ အခုလိုပြိုင်ပွဲယှဉ်ပြိုင်ခြင်းဖြင့် အတွေ့အကြုံ  ကောင်းများရရှိစေရန်၊ မျိုးဆက်သစ်ကစားသမားများထွက်ပေါ်လာစေရန်၊ ရိုးရာခြင်းလုံး ကစားနည်းကို ကမ္ဘာကပါသိစေရန် ရည်ရွယ်ကာ ၂၀၁၆ စတင်ပြီး အခုလို ကျောက်စိမ်းစေတီတော်ကြီးမှာ ကျင်းပပေး နေတာဖြစ်ပါတယ်။ဝိုင်းဖွဲ့ရိုးရာခြင်းလုံးခတ်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်တဲ့ ကစားသမားများရဲ့ နေထိုင်စားသောက်စရိတ်ကိုလည်း မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်က တာဝန်ယူပေးတယ်လို့လည်း သိရပါတယ်။၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲမှာတော့ ရိုးရာခြင်းလုံးကစားနည်းမပါဝင်ပေမယ့် မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချူ ပ်က ပြိုင်ပွဲများ ခပ်စိတ်စိတ်ကျင်းပ ပေးနေတာပဲဖြစ်ပါတယ်။

 

 

Related News