Mandalay International Trade Fair & Business Forum 2019 ကိုမတ်လ(၂၃)ရက်ကနေ (၂၅)ရက်အထိမန္တလေးမြို့ Mandalay Convension Center မှာကျင်းပပြုလုပ်နေပါတယ်။မန္တလေးနိုင်ငံတကာကုန်စည်ပြပွဲ နဲ့ စီပွားရေးဆိုင်ရာဆွေးနွေးပွဲ (Mandalay International Trade Fair & Business Forum 2019)ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတို့ ဦးဆောင်မှုနဲ့မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) က ကျင်းပတာဖြစ်ပါတယ်။မန္တလေးတိုင်းဒေသကြီးကစီးပွားရေးလုပ်ငန်းတွေအတွက်အခွင့်အလမ်း၊ SMEကဏ္ဍ၊ အလုပ်အကိုင်အခွင့်အရေး နဲ့ နိုင်ငံတကာနဲ့ စီးပွားရေးချိတ်ဆက်မှုတွေဆောင်ရွက်နိုင်အောင်ရည်ရွယ်တယ်လို့ သိရပါတယ်။

Forum ဖွင့်ပွဲ အခမ်းအနားမှာ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က နိုင်ငံရဲ့ စီးပွားရေးတံခါးကိုနိုင်ငံတကာက ဝင်ရောက် နိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်ဖွင့်လှစ်တာဖြစ်ပြီးပြည်တွင်းပြည်လုပ်ငန်းရှင်တွေ အနေနဲ့အခွင့်ကောင်းယူဆောင်ရွက်မယ်ဆိုရင် အခွင့် အလမ်းကောင်း တစ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။မန္တလေးတိုင်းဒေသကြီးမှာလာရောက်ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်မယ်ဆိုရင် Public Private Partnership(PPP)စနစ်နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပြီးစီးပွားရေးကို လွယ်ကူအောင်ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီအစိုးရ ကိုယ်တိုင်ဦးဆောင် ကူညီဆောင်ရွက်ပေးမယ်လို့ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။Mandalay International Trade Fair & Business Forum 2019မှာတော့ ပြည်တွင်းပြည်ပ ဆိုင်ခန်းပေါင်း(၂၆ဝ)ကျော်ကိုပါ ဝင်ပြသ လျက်ရှိပြီး လူသုံးကုန်၊ ဆေးဝါး၊ ကျောက်မျက်၊ မော်တော်ယာဉ်နဲ့ဆက်စပ်ပစ္စည်း၊ မြန်မာ့လက် မှုပစ္စည်း၊ စိုက်ပျိုးရေး၊ အထည်အလိပ်၊ စက်သုံးဆီ၊ ပုံနှိပ်လုပ်ငန်း၊ ကွန်ဒိုတိုက်ခန်း၊ ဆောက်လုပ်ရေး၊ လျှပ်စစ်နဲ့ IT ပြခန်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

 

 

Related News