ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပတဲ့ ဘိုးဘွားသက်ကြီးပူဇော်ပွဲကို ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့က နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး သီရိမင်္ဂလာခန်းမ မှာပြုလုပ်ခဲ့ပါတယ်။ (၁၃၈၁)ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ ရန်ကုန်တိုင်းဒေသကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် ဇနီး ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များတက်ရောက်ကာ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးရှိ သက်ကြီးဘိုးဘွားတွေကို သပြေခက်နဲ့ နံ့သာရေများ ပက်ဖြန်းကာ ပူဇော်ကန်တော့ခဲ့ကြပါတယ်။ အခမ်းအနားမှာ နှင်းဆီးကုန်းဘိုးဘွားရိပ်သာကြီးမှ သက်ကြီးဘိုးဘွားများကို ကန်တော့ချိုးဖြင့်ကန်တော့ပြီး ရန်ကုန်တိုင်းဒေသကြီး၊  ၀န်ကြီးချုပ်က သက်ကြီးဘိုးဘွားတွေကို ဂုဏ်ပြုအလှူငွေများပေးအပ်လှူဒါန်းခဲ့ပါတယ်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးမှာ အသက်(၇၀)ကျော်၊ ခိုကိုးရာမဲ့ သက်ကြီးဘိုးဘွားတွေကို တရားဓမ္မနဲ့ ဘ၀ရဲ့ ဆည်းဆာအချိန်တွေကို လှလှပပ စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်အောင် ဒေသအသီးသီးက အဘိုးအို၊ အဘွားအိုတွေကို လက်ခံစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။ လက်ခံပြုစုထားတဲ့ ဘိုးဘွားများကို အာဟာရပြည့်ဝစေဖို့ နေ့စဉ် ဘိုးဘွားတစ်ဦးကို ကယ်လိုရီ (၁၂၀၀) မှ (၁၅၀၀)အထိ ကျွေးမွေးစောင့်ရှောက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်တဲ့ အဘိုးအဘွားတွေက အစိုးရဆေးရုံကြီးတွေမှာ ကုသမှုတွေခံယူနေတယ်လို့သိရပါတယ်။နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးမှာ လက်ရှိ နေထိုင်နေကြတဲ့ အဘိုးအသွားတွေထဲမှ အဘိုး၊ အဘွားနှစ်ဦးဖြစ်တဲ့ ဒေါ်မြစိန်နဲ့ ဦးသာထွန်းစံတို့က သူတို့ရဲ့ ဘ၀အကြောင်းကိုအခုလိုပဲ ပြောပါတယ်။

နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီးကို (၁၉၃၃)ခုနှစ် ဇန်န၀ါရီလ(၁)ရက်က  အသက်(၄၆)နှစ်အရွယ် ဘွားဦးဇွန်းက မိမိစုဆောင်းထားတဲ့ ငွေကြေးဖြင့် စတင်တည်ထောင်ထားတာဖြစ်ပြီး  ရန်ကုန် ၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာကြီး အပြင် မင်းကွန်း၊ သထုံ၊ ပေါင်းတည် ၊ ပခုက္ကူ မြို့တွေမှာလည်း သက်ကြီးဘိုးဘွားစောင့်ရှောက်မှုရိပ်သာတွေကို တည်ထောင်ထားတယ်လို့ သိရပါတယ်။


 

Related News