မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကို ကူးပြောင်းခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ မဟာဝိဇယ စေတီတော်မှာ နေမင်းရဲ့ အလင်းရောင်ဖြင့် ပူဇော်ခစားမှုကို လာရောက်ဖူးမျှော်ကြတဲ့  ဘုရားဖူးပြည်သူတွေဟာ လာရောက်ဖူးမျှော်မှု ပိုမိုများပြားခဲ့ပါတယ်။မဟာဝိဇယစေတီတော်ရဲ့ လိုဏ်ဂူအတွင်းရှိ ဘုရားဆင်းတုတော်ကို နေရောင်ခြည်က ပူဇော်ခစား တာဖြစ်ပြီး အခုလိုခစားတာက တစ်နှစ်ပတ်လုံးမှာမှ  နှစ်ဆန်းတစ်ရက်နေ့တစ်ရက်ထဲ သာဖြစ်တယ်လို့သိရပါတယ်။အခုလို နေမင်းခစားတာ က မဟာဝိဇယဘုရားစတည် ကတည်းကဖြစ်ပြီး ယခုနှစ်နဲ့ဆို (၃၅)နှစ်ရှိပြီလို့ မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့  အလှည့်ကျဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။ 

မြန်မာနှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း နေမင်းရဲ့အလင်းရောင်ဖြင့် ပူဇော်ခစားမှုမှာ မနက်(၈း၃၅)မှာ တစ်ကြိမ် ၊ နေ့လည်(၃း၂၅)မှာတစ်ကြိမ် စုစုပေါင်း(၂)ကြိမ် နေခစားတယ်လို့သိရပါတယ်။ အခုလို နေခစားတာကို လာရောက်ဖူးမြော်ဆုတောင်းရင် ဆုတောင်းပြည့်တယ် ၊တစ်နှစ်ပတ်လုံးစီးပွားရေး ကျန်းမာရေးကောင်းမွန်တယ်လို့ ယုံကြည်ကြပါတယ်။ ဒီလိုခစားချိန်မှာ အများပြည်သူတွေအနေနဲ့ အလှူငွေထည့်တာ၊ ဖူးမျှော်ဆုတောင်းတာတွေ ပြုလုပ်ကြတာဖြစ်ပါတယ်။မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက်ပိုင်းအထိမှာတော့   မဟာဝိဇယစေတီတော်မြတ်ကြီးကို ဘုရားဖူးပြည်သူ(၁၀၀၀)ကျော် လာရောက် ဖူးမြော်ခဲ့ကြပြီး ဘုရားဖူးလာရောက်ကြသူတွေကို စတုဒီသာကျွေးမွေးမှုတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။

 

 

Related News