မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်ကနေ ၁၃၈၁ ခုနှစ်ကို ကူးပြောင်းခဲ့ပြီဖြစ်ပါတယ်။ ဧပြီ ၁၇ ရက်ကတော့ မြန်မာနှစ်ဆန်း တစ်ရက်နေ့ ဖြစ်တာကြောင့် ရက်ကွက်တိုင်းလိုလိုမှာ ပရိတ်တရားတော်များနားကြားကြပြီး MRTV-4 ရေကူးအသံလွှင်ရုံမှာလည်း ပရိတ်တရားနာယူခြင်းကို ပြုလုပ်နေကြပါတယ်။ဒီလိုပရိတ်တရားနာယူရာမှာတော့ အတာအိုးနဲ့ ပရိတ်ပန်း၊ ပရိတ်ရေ၊ပရိတ်သဲ၊ ပရိတ်ဆန်နှင့် ပရိတ်ချည်တို့ကို ပြင်ဆင်ပြီး ပရိတ်တရားတော်တွေကို ပင့်ဆောင်လာတဲ့ သံဃာတွေက ချီးမြှင့်ဟောကြား ကြတာပါ။ ဗုဒ္ဓဘာသာဓလေ့ ထုံးတမ်းတွေအရ ပရိတ်ရေ၊ ပရိတ်သဲနှင့်ပရိတ်ဆန်တို့ကို ကျဲပက်ပြီး ဘေးန္တရာယ်ကင်းဝေးအောင် ဆောင်ရွက်ကြသလို ပရိတ်ချည်ကိုတော့ ကလေးသူငယ်များ လက်နှင့် လည်ပင်းတို့တွင် ချည်နှောင်ပေးခြင်းဖြင့် ဘေးအန္တရာယ်ကင်းဝေးအောင် ပြုလုပ်ပေးကြတာပါ။

မြန်မာနှစ်ဆန်း တစ်ရက်နေ့ဟာ မြန်မာဗုဒ္ဓဘာသာတိုင်းအတွက် နေ့ထူးနေမြတ်ဖြစ်တာကြောင့် ပရိတ်တရားနာတာတွေနဲ့ စတုဒီသာအလှူခံ ဧည့်ခံကျွေးမွေးတာတွေကို စုပေါင်းဆောင်ရွက်လုပ်ကိုင်ကြတာပါ။ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ  မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရောက်တိုင်း ပရိတ်တရားတော် နာယူတာအပြင် သက်ကြီးရွယ်အိုနဲ့ လူကြီးသူမများကို ကန်တော့တာတွေ ၊ တန်ခိုးကြီး ဘုရားတွေမှာ ရေကပ်လှူပူဇော်တာတွေ၊ ဥပုသ်သီလဆောက်တည်တာတွေကို နှစ်ဆန်းတစ်ရက်နေ့မှာ ပြုလုပ်လေ့ရှိကြပါတယ်။

 

Related News