ဧပြီလ ၁၇ ရက် နှစ်ဆန်းတစ်ရက်နေ့က ရွှေတိဂုံဘုရား မြောက်ဘက်မုခ်၊ သွေးဆေးကန်မှာ ဇီဝိတဒါန ငါးလွှတ်သူတွေနဲ့စည်ကားခဲ့ပါတယ်။  နှစ်ဆန်းတစ်ရက်နေ့က သွေးဆေးကန်မှာ ငါးလာရောက် လွှတ်သူတွေနဲ့ စည်ကားနေခဲ့ပြီး လူဦးရေ တစ်သိန်းဝန်းကျင် လာရောက်ခဲ့ပါတယ်။ မြောက်ဘက်မုခ် ဝင်ပေါက်မှာ ငါးလုပ်ငန်းဦးစီးဌာနရဲ့ ငါးသားပေါက် ယာယီအရောင်းမဏ္ဍပ် ဖွင့်လှစ်ရောင်းချခဲ့သလို ပျံကျဈေးသည်တွေကလည်း ရွှေဝါငါးကြင်း၊ ငါးခူ၊ ငါးကျည်း၊ ရွှေငါးစတဲ့ ငါးသားပေါက်တွေကို တစ်ကောင်ဈေး ကျပ်တစ်ရာကနေ ငါးရာအထိ ရောင်းချခဲ့ပါတယ်။ ဒီနှစ်မှာ ငါးလာရောက် လွှတ်တဲ့သူတွေ များပြားပြီး အရောင်းသွက်တယ်လို့ ငါးရောင်းတဲ့သူတွေက ပြောပြပါတယ်။

မြန်မာ့နှစ်သစ်ကူးရက် အခါသမယမှာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဓလေ့ထုံးစံအတိုင်း သတ္တဝါတွေကို ဘေးမဲ့လွှတ်ပေးတဲ့ ဇီဝိတဒါနပြုလုပ်လေ့ရှိပြီး သွေးဆေးကန်ကို လာရောက် ငါးလွှတ်ကြတဲ့ သူတွေရဲ့ ပီတိစကားကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ရွှေတိဂုံဘုရား မြောက်ဘက်မုခ်ရှိ သွေးဆေးကန်မှာ ငါးလာရောက်လွှတ်ကြတဲ့သူတွေ၊ ဘုရားလာရောက်ဖူးမြော်တဲ့သူတွေနဲ့စည်ကားခဲ့ပြီး ဘုရားဖူးတွေအတွက် ရေသန့်ဝေတာနဲ့ စတုဒီသာ ကျွေးမွေးတာတွေလည်း ရွှေတိဂုံဘုရားဝင်းမှာ ဆောင်ရွက်ခဲ့ကြပါတယ်။ 

 

Related News