မြန်မာသက္ကရာဇ် (၁၃၈၁) ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ နေပြည်တော်ရှိ  ဥပ္ပါတသန္တိစေတီတော်မှာတော့ ဘုရားဖူးလာ ပြည်သူများနဲ့ စည်ကားခဲ့ပါတယ်။မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်ကို ကုန်လွန်ပြီး ၁၃၈၁  ခုနှစ်ရဲ့ ပထမဆုံးနေ့ နှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ (၁၇)ရက်မှာတော့ နေပြည်တော်ရှိ အထင်ကရဘုရားစေတီတွေကို လာရောက်ဖူးမျှော်သူတွေ များပြားခဲ့ကြပြီး ဥပ္ပါတသန်္တိစေတီမှာလည်း လာရောက်ဖူးမျှော် သူများပြားခဲ့ပါတယ်။ ဥပ္ပါတသန္တိစေတီတော်ကြီးမှာတော့  မနက်ပိုင်းမှာ  ဂေါပကအဖွဲ့ရဲ့ သြ၀ါဒါစရိယဆရာတော်ကြီးတွေကို ပင့်ဖိတ်ပြီး ပရိတ်တရားနာခြင်း၊ ဆွမ်းကပ်လှူခြင်းတွေပြုလုပ်ခဲ့ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အခမ်းအနားတက်ရောက်လာသူများက  ပရိတ်တရားတော်များ နာကြားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ဆရာတော်များက ပြည်သူ ပြည်သားများငြိမ်းချမ်း သာယာအောင် ရဟတ်ယာဉ်ဖြင့် နေပြည်တော်ကိုပတ်ပြီး ပရိတ်တရားတော်ရွတ်ဖတ်ခြင်း၊ ပရိတ်ရေပက်ဖြန်းခြင်းတို့ကို ပြုလုပ်ခဲ့တယ်လို့ ဥပ္ပါတသန္တိစေတီတော် ဘဏ္ဍာရေးတာဝန်ခံဂေါပက ဦးမြသောင်းက ပြောပါတယ်။

ဧပြီလ ၁၇ ရက်မှာ ဥပ္ပါတသန်္တိစေတီတော်ကို လာရောက်ဖူးမျှော်သူများပြားခဲ့ပြီး ဒီလိုလာရောက်ဖူးမျှော်ကြရာမှာ  နေပြည်တော်ဒေသခံ တွေအပြင် အခြားမြို့က လာရောက်လည်ပတ်သူတွေလည်း လာရောက်ဖူးမျှော်ခဲ့ကြပါတယ်။ ဒါ့အပြင် ဥပ္ပါတသန်္တိစေတီတော်ကို လာရောက် ဖူးမျှော်ကြတဲ့ ပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းစွာ ဖူးမျှော်နိုင်ဖို့အတွက် လုံခြုံရေးပိုင်းမှာလည်း ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဖြစ်တာကြောင့်  ပုံမှန်ရက်များထက် ဥပ္ပါတသန္တိစေတီတော်မှာ လာရောက်ဖူးမျှော်ကြတဲ့ ဘုရားဖူးပြည်သူတွေများပြားခဲ့သလို  လာရောက်ဖူးမျှော်ကြတဲ့ ပြည်သူတွေကိုလည်း စတုဒီသာလှူဒါန်းမှုအဖြစ် မုန့်လုပ်ဆောင်း တိုက်ကျွေးခဲ့တယ်လို့ သိရပါတယ်။  

 

Related News