နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းမှာရှိတဲ့ နေပြည်တော် ဗုဒ္ဓဂါယာလို့ လူသိများနေတဲ့ ဥဒယရံသီ ကုန်းတော် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်ကို မြန်မာသက္ကရာဇ် (၁၃၈၁)ခုနှစ်ရဲ့ ပထမဆုံးနေ့ဖြစ် တဲ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ဖြစ်တဲ့ ဧပြီလ (၁၇)ရက်မှာ လာရောက်ဖူးမျှော် သူတွေ များပြားတယ်လို့ သိရပါတယ်။ နှစ်ဆန်းတစ်ရက်နေ့မှာကုန်းတော် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်ကို လာရောက်ဘုရားဖူး သူများ များပြားခဲ့ပြီး  သြ၀ါဒစရိယ ဆရာတော်ငါးပါးကို နှစ်ဦးဆွမ်းကျွေးကာ နှစ်သစ်မင်္ဂလာ အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ဆရာတော်တွေ၊ ဂေါပကအဖွဲ့တွေနဲ့ ၀န်ထမ်း တွေဟာ ဇီဝိတဒါနအဖြစ် ငါးလွှတ်ခဲ့ပြီး ဘုရားဖူးပြည်သူများအတွက်လည်း ဇီဝိတဒါန ငါးလွှတ်နိုင်အောင် စီစဉ်ပေးခဲ့တယ်လို့ သိရပါတယ်။

နေပြည်တော် ဗုဒ္ဓဂါယာလို့ လူသိများနေတဲ့ ဥဒယရံသီ ကုန်းတော် သတ္တသတ္တာဟ မဟာဗောဓိ စေတီတော်ကို နှစ်ဆန်းတစ်ရက်မှာ လာရောက် ဖူးမျှော်သူတွေ တစ်သိန်းကျော်လောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် နှစ်ဆန်းတစ်ရက်နေ့မှာ နေပြည်တော်ရှိ အများပြည်သူအပန်းဖြေ နေရာတွေ ဖြစ်တဲ့ ရေပန်းဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နဲ့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွေအပါအ၀င် စစ်သမိုင်းပြတိုက်မှာ လည်း လာရောက်လည်ပတ်သူတွေ များပြားခဲ့ပါတယ်။  

 

Related News