ပလတ်စတစ်အစားထိုးလူသုံးကုန်ပစ္စည်းတွေဟာ အခုနောက်ပိုင်းမှာ ဈေးကွက်ထဲဝင်ရောက်မှု ကျယ်ပြန့်လာတယ်လို့ Zero Plastic မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။လက်ရှိပြည်တွင်းမှာ ပလတ်စတစ်အန္တရာယ်အသိပညာပေးခြင်းတွေ နဲ့ ပလတ်စတစ်သုံးစွဲမှုလျှော့ချခြင်း စတာတွေကို အသိပညာပေးလုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ပြည်တွင်းမှာ ပလတ်စတစ်အသုံးပြုမှု လျော့ချစေဖို့နဲ့ ပလတ်စတစ်ကြောင့် ဖြစ်လာနိုင်မယ့် ရောဂါတွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် အခုလို ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်းတွေကို ရည်ရွယ် ထုတ်လုပ်ဖြစ်တာလို့ သိရပါတယ်။

 ပလတ်စတစ်အစားထိုးလူသုံးကုန်ပစ္စည်းတွေပြုလုပ်ရာမှာ ကွမ်းဖက်၊ စက္ကူ၊ ၀ါး၊ ကျောက် အစရှိတဲ့ ကုန်ကြမ်းတွေကို အဓိကအသုံးပြုထားပြီး လူသုံးကုန်ပစ္စည်းတွေဖြစ်တဲ့ စက္ကူအိတ်အကြီးအသေး၊ ၀ါးပိုက်၊ တာဝါ၊ မယ်မိုရီစတစ် ၊ တူ ၊ဓါတ်ဗူး ၊သွားတိုက်တံ၊ ကုတ်တံ၊ ကျောက်သင်ပုန်း  အစရှိတဲ့ ပစ္စည်းအမျိုးအစားပေါင်း(၂၀)ကျော် ထုတ်လုပ်လျက်ရှိတယ်လို့သိရပါတယ်။အခုလို ပလတ်စတစ်အစားထိုးလူသုံးကုန်ပစ္စည်းတွေကို ဟိုတယ် နဲ့အလှူပွဲတွေမှာ အဓိကသုံးစွဲမှုရှိလာပြီး ဈေးကွက်ထဲမှာ ကျယ်ပြန့်မှုရှိလာတယ်လို့ Zero Plastic တည်ထောင်သူက ကိုကျော်ကျော်ထိုက် အခုလိုပြောပါတယ်။ Zero Plastic အနေနဲ့ လက်ရှိမှာ ပလတ်စတစ်အစားထိုးလူသုံးကုန်ပစ္စည်းများတွေကို  ရန်ကုန်အပြင် ပုဂံ၊အင်းလေးဒေသတွေကိုပါ ဖြန့်ချီပေးနေပြီး နောက်ပိုင်းမှာလည်း  မန္တလေးမြို့ကို ဖြန့်ချီသွားဖို့ရှိတယ်လို့သိရပြီး  အဆိုပါ ပစ္စည်းတွေကို အနည်းဆုံး မြန်မာငွေကျပ်(၁၅)ကျပ်မှ အများဆုံး(၁)သောင်းကျော်ထိဈေးနှုန်းသတ်မှတ် ရောင်းချနေတယ်လို့သိရပါတယ်။


 

Related News