ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၈)ရပ်ကွက် ယောမင်းကြီးလမ်း၊ ဘဒ္ဒ န္တဥာဏာ လင်္ကာရ (နွားဦးတိုက်ဆရာတော်)ဦးဆောင်တဲ့ ဓမ္မဒူတ လေးထပ်ကျောင်းတော်ကြီးရေစက်ချပွဲ၊ တိပိဋက သုံးပုံ အာဂုံဆောင် ဆရာတော်ကြီး (၁၀)ပါးအား ပူဇော်ပွဲနှင့် သံဃာအပါး(၁၀၀၀) မဟာသံဃိကဒါန ပစ္စည်းလေးပါးဆပ်ကပ်လှူဒါန်းပွဲကို ဧပြီလ(၁၉)ရက်က ရွှေပြည်သာမြို့နယ်၊ ဓမ္မဒူတ လေးထပ်ကျောင်းဆောင်ကြီးမှာ ပြုလုပ်ခဲ့ပါတယ်။ဘဒ္ဒ န္တဥာဏာလင်္ကာရ (နွားဦးတိုက်ဆရာတော်)အနေနဲ့ ကျုံပျော်မြို့နယ်၊ ဇရပ်ရိုးရွာမှာ သာသနာပြုလုပ်ငန်းတွေကို လုပ်ဆောင်နေတာဖြစ်ပြီး နှစ်စဉ် ဆရာတော်ကြီးရဲ့ မွေးနေ့တိုင်းမှာ သံဃာသီလရှင်အပါး (၁၀၀၀)ကို ရဟန်း ၊ သီလရှင် ၀တ်ပေးကာ တရားစခန်းဖွင့်ပေးလျက်ရှိတယ်လို့သိရပါတယ်။  ဒီလိုပြုလုပ်ပေးမှုတွေလုပ်ဆောင်ပေးပြီး နှစ်စဉ်တိုင်းမှာ တိပိဋက ဆရာတော်တစ်ပါးဆီပင့်ပြီး ဆရာတော်ကြီးရဲ့ အလှူပွဲတိုင်းမှာ ဆောင်ရွက်ခဲ့တာ (၉)ကြိမ်မြောက်ရှိပြီဖြစ်တယ်လို့သိရပါတယ်။ ယခုနှစ်မှာတော့ ရန်ကုန်မှာ သာသနာပြုဖို့ ရွှေပြည်သာမြို့နယ် (၈)ရပ်ကွက် ယောမင်းကြီးလမ်းမှာ လေးထပ်ကျောင်းဆောင်ကြီးဆောက်လုပ်ကာ တိပိဋက သုံးပုံ အာဂုံဆောင် ဆရာတော်ကြီး (၁၀)ပါးကို ပူဇော်ပွဲ နှင့် သံဃာအပါး(၁၀၀၀) မဟာသံဃိကဒါန ပစ္စည်းလေးပါးဆပ်ကပ်လှူဒါန်းပွဲကို ပြုလုပ်ဖြစ်တာလို့ ဆရာတော်က မိန့်ကြားပါတယ်။

တိပိဋက ဆရာတော်ကြီး (၁၀)ပါးကို တစ်နေရာတည်းမှာ စုံညီစွာ အများဖူးမျှော် လှူဒါန်းနိုင်စေဖို့ သဒ္ဒါတရားနဲ့ ဆရာတော်ကြီး ဓမ္မပူဇာက ရရှိလာတဲ့ အလှူငွေတွေ၊အလှူရှင်တွေရဲ့အလှူငွေတွေဖြင့်  ဒီအလှူပွဲကြီးကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ရွှေပြည်သာမြို့နယ်မှာရှိတဲ့ သံဃာအပါး (၄၀၀)ေ ကျာ်၊ ဓမ္မဒူတတောင်စွန်းမှာရှိတဲ့ သံဃာအပါး (၃၀၀)ကျော်၊ ကျုံပျော်မှာရှိတဲ့ သံဃာအပါး (၂၀၀)၀န်းကျင် စုစုပေါင်း သံဃာအပါး (၁၀၀၀) ကိုဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ သံဃာတစ်ပါးလျှင် န၀ကမ္မ တစ်သိန်း၊ သင်္ကန်းတစ်စုံ၊ သပိတ်တစ်လုံး ကို လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် တိပိဋက ဆရာတော်ကြီးများရဲ့ တရားပွဲအစီအစဉ်တွေကိုလည်းဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ 


 

Related News