နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကို အလွတ်သဘော လာရောက်လည်ပတ်လျက်ရှိတဲ့ ဆေးရှဲလ်သမ္မတနိုင်ငံ၊ ဒုတိယသမ္မတ .Mr.Vincent Meriton (ဗင်းဆင့်မာရီတွန်)ကို ဧပြီလ(၁၉)ရက်က  နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် အဆောင်(အေ)မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။တွေ့ဆုံဆွေးနွေးပွဲကို  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။ အခုလို မြန်မာနိုင်ငံကို အလွတ်သဘောခရီးရောက်ရှိ လည်ပတ်လျက်ရှိတဲ့ ဆေးရှဲလ်သမ္မတနိုင်ငံ ဒုတိယ သမ္မတ Mr. Vincent Meriton(မစ္စတာ ဗင်းဆင့်မာရီတွန်)ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့က  ဧပြီလ(၁၈)ရက်က နေပြည်တော်ရှိ Park Royal ဟိုတယ်မှာ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့တယ်လို့လည်း သိရပါတယ်။ 

 

Related News