သင်္ကြန်ကာလအတွင်းပြေးဆွဲပေးတဲ့YBSယာဉ်လိုင်းတွေကိုတိုင်ကြားမှုအချို့ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသင်္ကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)မှသိရပါတယ်။ ပြီးခဲ့တဲ့သင်္ကြန်ကာလမှာ YBSအများပိုင်ကုမ္ပဏီ(၁၄)ခုနဲပုဂ္ဂလိကကြီးကြပ်ယာဉ်လိုင်း(၃)လိုင်းက ယာဉ်လိုင်းပေါင်း(၇၃)လိုင်းမှ ယာဉ်စီးရေပေါင်း(၉၇၃)စီးနဲ့ ပြေးဆွဲပေးခဲ့တာဖြစ်ပါတယ်။ပြေးဆွဲပေးတဲ့အခါမှာလည်း ယာဉ်လိုင်းအချို့ကို ခရီးသွားပြည်သူတွေမှ ယာဉ်တွေကိုမဆင်မခြင်မောင်းနှင်မှုနဲ့ယာဉ်စီးခပိုတောင်းခံမှုတွေကြောင့် တိုင်ကြားမှုအချို့ရှိခဲ့တယ်လို့သိရပါတယ်။အခုဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး ဖြစ်ပွားတဲ့အချိန်ကာလနဲ့ ဖြစ်စဉ်ပေါ်မူတည်ပြီး မှန်ကန်မှုရှိမရှိ စိစစ်အရေးယူမှုတွေပြုလုပ်ပေးသွားမယ်လို့သိရပါတယ်။ သင်္ကြန်ကာလမှာ ခရီးသွားပြည်သူတွေ စီးနင်းတဲ့ယာဉ်လိုင်းတွေလည်းရှိသလို စီးနင်းမှုမရှိတဲ့ယာဉ်လိုင်းတွေလည်းရှိတာကြောင့် မျှတမှုရရှိစေဖို့အတွက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။

သင်္ကြန်ကာလအတွင်းမှာလည်း ယာဉ်လိုင်းအားလုံးမပြေးဆွဲပေးဘဲ ခရီးသည်တွေသွားလာရေးအဆင်ပြေစေဖို့ယာဉ်လိုင်းအချို့သာပြေးဆွဲပေးတဲ့ကာလဖြစ်တာကြောင့် ဖြစ်စဉ်တစ်ခုချင်းစီကို စိစစ်ပြီးမှသာ ဆုံးဖြတ်အရေးယူမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။သင်္ကြန်ကာလအပြီး နှစ်ဆန်းတစ်ရက်နေ့ကစပြီး ယာဉ်လိုင်းပေါင်း(၁၀၀)နဲ့ယာဉ်စီးရေပေါင်း(၄၆၀၀)၀န်းကျင်က ပုံမှန်ပြေးဆွဲပေးနေပြီဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင် ခရီးသည်တွေသင်္ကြန်အတွင်းတိုင်ကြားထားတဲ့ယာဉ်လိုင်းတွေကို စိစစ်အရေးယူပြီးရင် ထုတ်ပြန်ပေးသွားမယ်လို့သိရပါတယ်။

 

Related News